ျမန္မာႏိုင္ငံမွ မတ္ပဲအား လြတ္လပ္စြာတင္သြင္း ခြင့္ျပဳသည့္ကာလ တစ္ႏွစ္ထပ္မံတိုးျမင့္

အိႏၵိယသို႔ မတ္ပဲလြတ္လပ္စြာ တင္သြင္းခြင့္ကို တစ္ႏွစ္ထပ္မံျမန္မာႏိုင္ငံမွ မတ္ပဲအား လြတ္လပ္စြာတင္သြင္း ခြင့္ျပဳသည့္ကာလကို အိႏၵိယႏိုင္ငံ၊ ကူးသန္းေရာင္းဝယ္ေရးႏွင့္စက္မႈဝန္ႀကီးဌာန၊ အိႏၵိယကူးသန္းေရာင္း ဝယ္ေရးဌာနမွ တစ္ႏွစ္ထပ္မံတိုးျမင့္လိုက္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ မတ္ပဲအား လြတ္လပ္စြာတင္သြင္း ခြင့္ျပဳသည့္ကာလကို ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔ အထိ တိုးျမႇင့္သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ မတ္ပဲႏွင့္ ပဲစင္းငုံလြတ္လပ္စြာတင္သြင္း ခြင့္ေၾကညာခ်က္ကို တစ္ၿပိဳင္တည္း ေၾကညာေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ ပဲစင္းငုံ လြတ္လပ္စြာ တင္သြင္းခြင့္ကို အမိန႔္ ေၾကာ္ျငာစာအမွတ္ (၅၁/၂၀၂၄-၂၅) ကိုသာ ေၾကညာခဲ့ၿပီး မတ္ပဲအား လြတ္လပ္စြာ တင္သြင္းခြင့္အား ထုတ္ျပန္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။
ယင္းေၾကာင့္ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး လမ္းၫႊန္ခ်က္ျဖင့္ ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ားအၾကား ေတြ႕ဆုံေဆြးေႏြးျခင္း၊ သံတမန္လမ္းေၾကာင္းမွ ညႇိႏႈိင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ယခုကဲ့သို႔ မတ္ပဲအား လြတ္လပ္စြာတင္သြင္းခြင့္ျပဳျခင္းကို ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔ အထိ တိုးျမႇင့္သတ္မွတ္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံညႇိႏႈိင္းေဆြးေႏြးမႈမ်ား၏ ေအာင္ျမင္မႈရလဒ္တစ္ခုျဖစ္ေၾကာင္း သိရသည္။
အိႏၵိယအစိုးရက ပဲစင္းငုံႏွင့္ မတ္ပဲလြတ္လပ္စြာတင္သြင္းခြင့္ျပဳသည့္ကာလအား ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖင့္ ျမန္မာ့ပဲစိုက္ေတာင္သူမ်ား၊ ပဲကုန္သည္ လုပ္ငန္းရွင္မ်ား ေဈးကြက္ခိုင္မာမႈရွိျခင္း၊ ေဈးကြက္ေဈးႏႈန္းမွန္ကန္စြာရရွိႏိုင္ျခင္း၊ ပဲစိုက္ေတာင္သူမ်ား ဝင္ေငြတိုးတက္ေစမည္ျဖစ္ေၾကာင္း သိရသည္။


မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်
====================
အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်အား ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယင်းကြောင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယခုကဲ့သို့ မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ပြုခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ၏ အောင်မြင်မှုရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။
အိန္ဒိယအစိုးရက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ့ပဲစိုက်တောင်သူများ၊ ပဲကုန်သည် လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဈေးကွက်ဈေးနှုန်းမှန်ကန်စွာရရှိနိုင်ခြင်း၊ ပဲစိုက်တောင်သူများ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။