အာရွဖလားေျခစစ္ပြဲစဥ္မွာ အာဖဂန္နစၥတန္ကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ျမန္မာ
ကမာၻ႔အဆင့္သတ္မွတ္ခ်က္(၁၁)ဆင့္ကြာျခားေနသည့္ အာဖဂန္နစၥတန္အသင္းကို ျမန္မာအသင္း (၂)ဂိုး (၁)ဂိုးျဖင့္အႏိုင္ရလဒ္ထြက္ေပၚခဲ့ၿပီးျဖစ္သည္။
ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ ၂၀၂၇ အာရွဖလားေျခစစ္ပြဲ တတိယအဆင့္အုပ္စု(င) ပြဲစဥ္ကို ယေန႔ မတ္လ (၂၅)ရက္ ညေန (၅)နာရီအခ်ိန္၌ ျမန္မာ- အာဖဂန္နစၥတန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကျခင္းျဖစ္သည္။
ယေန႔ ပြဲစဥ္အတြင္း ပထမပြဲၿပီးခ်ိန္၌ တစ္ဖက္(၁)ဂိုးစီ သြင္းယူထားႏိုင္ၾကၿပီး၊ ဒုတိယပိုင္း ပြဲခ်ိန္အၿပီးတြင္ ျမန္မာအသင္းက ေနာက္ထပ္သြင္းဂိုး (၁)ဂိုးသြင္းယူကာ အႏိုင္ရရွိခဲ့သည္။
အာဖဂန္နစၥတန္အသင္းသည္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ (၁၅၆)အဆင့္တြင္ရပ္တည္ေနၿပီး၊ ျမန္မာအသင္းအေနျဖင့္ (၁၆၇)အဆင္တြင္ ရပ္တည္ေနျခင္းျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္အသင္း ပြဲထြက္ ကစားသမားစာရင္းတြင္ ဟိန္းၿဖိဳးေဝ၊ စိုးမိုးေက်ာ္ ၊ နႏၵေက်ာ္၊ ေက်ာ္မင္းဦး၊ လြင္မိုးေအာင္၊ သန္းပိုင္၊ သီဟေဇာ္၊ ေမာင္ေမာင္လြင္၊ သီဟထက္ေအာင္၊ ဟိန္းထက္ေအာင္၊ ဇင္ညီညီေအာင္(ဂိုး) တို႔ ပါဝင္ခဲ့သည္။
ျမန္မာအသင္းအေနျဖင့္ ယေန႔ ၿပိဳင္ပြဲမတိုင္မီေျခစမ္းပြဲအျဖစ္ ျမန္မာေနရွင္နယ္လိဂ္ကလပ္မ်ား၌ လာေရာက္ကစားေနသည့္ ႏိုင္ငံျခားသားကစားသမားမ်ားကို MNL ALL STAR အသင္းအျဖစ္ တစ္သင္းဖြဲ႕၍ ေျခစမ္းပြဲကစားခဲ့ၾကရာ ျမန္မာလက္ ေ႐ြးစင္အသင္းက (၆)ဂိုး(၁)ဂိုးျဖင့္ အႏိုင္ ရရွိခဲ့သည္။
ထို႔အတူ ျမန္မာ ယူ-၂၂ လက္ေ႐ြးစင္အသင္းျဖင့္ ေျခစမ္းကစားခဲ့ရာတြင္လည္း (၁)ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့ေသးသည္။
အာရှဖလားခြေစစ်ပွဲစဥ်မှာ အာဖဂန်နစ္စတန်ကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာ
==================
ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။
အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊ နန္ဒကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ သန်းပိုင်၊ သီဟဇော်၊ မောင်မောင်လွင်၊ သီဟထက်အောင်၊ ဟိန်းထက်အောင်၊ ဇင်ညီညီအောင်(ဂိုး) တို့ ပါဝင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယနေ့ ပြိုင်ပွဲမတိုင်မီခြေစမ်းပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ်များ၌ လာရောက်ကစားနေသည့် နိုင်ငံခြားသားကစားသမားများကို MNL ALL STAR အသင်းအဖြစ် တစ်သင်းဖွဲ့၍ ခြေစမ်းပွဲကစားခဲ့ကြရာ မြန်မာလက် ရွေးစင်အသင်းက (၆)ဂိုး(၁)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
ထို့အတူ မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းဖြင့် ခြေစမ်းကစားခဲ့ရာတွင်လည်း (၁)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သေးသည်။