သၾကၤန္ပိတ္ရက္ေနရပ္ျပန္မည့္သူမ်ား အဆင္ေျပေစရန္ ကားလက္မွတ္မ်ားကို ပုံမွန္ႏႈန္းထားမ်ားနဲ႔ေဆာင္႐ြက္ေပးမည္
သၾကၤန္႐ုံးပိတ္ရက္ရွည္ကာလအတြင္း မႏၲေလးၿမိဳ႕မွ ေနရပ္အသီးသီးသို႔ျပန္ၾကမယ့္ဝန္ထမ္းမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား အဆင္ေျပလြယ္ကူစြာ သြားလာႏိုင္ေစေရးအတြက္ ကားလက္မွတ္မ်ားကို ပုံမွန္ႏႈန္း ထားမ်ားနဲ႔ အခက္အခဲမရွိေစရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး၊ အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္ေရးလုပ္ငန္းေကာ္မတီမွ သိရပါတယ္။
အဆိုပါမႏၲေလးတိုင္းေဒသႀကီး ယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီအေနနဲ႔ အေဝးေျပးကားကြင္းရွိ ေကာ္မတီ႐ုံး မွာ ဧၿပီလ ၉ ရက္မွ ၂၁ ရက္အထိ ယာဥ္လိုင္းအသင္းမ်ားႏွင့္ ပူးေပါင္းကာ ကားလက္မွတ္အခက္အခဲရွိသူမ်ားကို ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး မလိုလားအပ္တဲ့ ဆိုးက်ိဳးမ်ားႏွင့္ ေမွာင္ခိုေရာင္းခ်မႈမ်ား မျဖစ္ေပၚေစရန္ အြန္လိုင္းစနစ္ နဲ႔ ကားလက္မွတ္ ႀကိဳတင္မွာယူမႈမ်ားကိုေတာ့ ေဆာင္႐ြက္ေပးမွာ မဟုတ္ပါဘူး။
ယခုႏွစ္သၾကၤန္ကာလအတြင္း မႏၲေလးၿမိဳ႕ မွ ေျပးဆြဲမည့္ ယာဥ္အစီးေရကို ဧၿပီလ ၉ ရက္မတိုင္မီ သိရွိေစရန္ မႏၲေလးတိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီက ယာဥ္လိုင္းအသင္းမ်ားထံမွ စာရင္းမ်ား ေကာက္ယူသြားမည္ျဖစ္ၿပီး လက္ရွိတြင္ မႏၲေလးၿမိဳ႕ရွိ အေဝးေျပးယာဥ္ရပ္နားစခန္းမ်ားမွ ျမန္မာျပည္ အထက္ပိုင္းႏွင့္ ေအာက္ပိုင္းေဒသမ်ားသို႔ ယာဥ္အသင္းေပါင္း ၅၀၀ ေက်ာ္နဲ႔ ခရီးစဥ္မ်ားေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရပါတယ္။
စာတိုက္ေသတၱာ Post Box အသုံးျပဳလိုသူမ်ားအေနနဲ႔ ၿမိဳ႕နယ္မ်ားရွိ စာတိုက္မွာ ေလွ်ာက္ထား ႏိုင္ေၾကာင္း သိရပါတယ္။
သင်္ကြန်ပိတ်ရက်နေရပ်ပြန်မည့်သူများ အဆင်ပြေစေရန် ကားလက်မှတ်များကို ပုံမှန်နှုန်းထားများနဲ့ဆောင်ရွက်ပေးမည်
==========================
သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ပြန်ကြမယ့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ကားလက်မှတ်များကို ပုံမှန်နှုန်း ထားများနဲ့ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။
အဆိုပါမန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေနဲ့ အဝေးပြေးကားကွင်းရှိ ကော်မတီရုံး မှာ ဧပြီလ ၉ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းအသင်းများနှင့် ပူးပေါင်းကာ ကားလက်မှတ်အခက်အခဲရှိသူများကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးများနှင့် မှောင်ခိုရောင်းချမှုများ မဖြစ်ပေါ်စေရန် အွန်လိုင်းစနစ် နဲ့ ကားလက်မှတ် ကြိုတင်မှာယူမှုများကိုတော့ ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။
ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့ မှ ပြေးဆွဲမည့် ယာဉ်အစီးရေကို ဧပြီလ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများ ကောက်ယူသွားမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်နဲ့ ခရီးစဉ်များပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။
စာတိုက်သေတ္တာ Post Box အသုံးပြုလိုသူများအနေနဲ့ မြို့နယ်များရှိ စာတိုက်မှာ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။