လႊတ္ေတာ္ရဲ႕အယုံအၾကည္မရွိ အဆိုမဲခြဲမႈမွာထိုင္းဝန္ႀကီးခ်ဳပ္ အႏိုင္ရ

ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုန္တန္ရွင္နာဝပ္သည္ မတ္ ၂၆ ရက္က ၎အား အယုံအၾကည္မရွိအဆိုတင္သြင္းမႈအား လႊတ္ေတာ္တြင္း မဲခြဲဆုံးျဖတ္မႈတြင္ လုံေလာက္သည့္ေထာက္ခံမဲမ်ား ရရွိခဲ့ၿပီး အယုံအၾကည္မရွိအဆိုကို ေက်ာ္လႊားႏိုင္ခဲ့သည္။
ေပတုန္တန္ကို အတိုက္အခံမ်ား၏ အယုံအၾကည္မရွိအဆိုတင္သြင္းမႈကို လႊတ္ေတာ္အမတ္ ၄၈၇ ဦးအနက္ ၃၁၉ ဦးက ပယ္ခ်ခဲ့ၿပီး ၁၆၂ ဦးက ေထာက္ခံခဲ့ကာ ၇ ဦးက မဲမေပးဘဲ လက္ေရွာင္ခဲ့ၾကသည္။
ေပတုန္တန္သည္ အစိုးရအဖြဲ႕ကို ဦးေဆာင္ရည္ အေတြ႕အႀကဳံအားနည္းေၾကာင္းႏွင့္ ထိေရာက္မႈမရွိေၾကာင္း အတိုက္အခံမ်ားက စြပ္စြဲခဲ့ၿပီး ၎အား အယုံအၾကည္မရွိအဆိုတင္သြင္းခဲ့ျခင္းျဖစ္သည္။
ေပတုန္တန္သည္ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလက ဝန္ႀကီးခ်ဳပ္ရာထူးကို ရရွိခဲ့ၿပီးေနာက္ ယခုအႀကိမ္သည္ ပထမဆုံးအႀကိမ္ အယုံအၾကည္မရွိအဆိုကို မဲခြဲဆုံးျဖတ္ခံခဲ့ရျခင္းျဖစ္ၿပီး ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ခဲ့ျခင္းျဖစ္သည္။


လွှတ်တော်ရဲ့အယုံအကြည်မရှိ အဆိုမဲခွဲမှုမှာထိုင်းဝန်ကြီးချုပ် အနိုင်ရ
====================
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်သည် မတ် ၂၆ ရက်က ၎င်းအား အယုံအကြည်မရှိအဆိုတင်သွင်းမှုအား လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွင် လုံလောက်သည့်ထောက်ခံမဲများ ရရှိခဲ့ပြီး အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့သည်။
ပေတုန်တန်ကို အတိုက်အခံများ၏ အယုံအကြည်မရှိအဆိုတင်သွင်းမှုကို လွှတ်တော်အမတ် ၄၈၇ ဦးအနက် ၃၁၉ ဦးက ပယ်ချခဲ့ပြီး ၁၆၂ ဦးက ထောက်ခံခဲ့ကာ ၇ ဦးက မဲမပေးဘဲ လက်ရှောင်ခဲ့ကြသည်။
ပေတုန်တန်သည် အစိုးရအဖွဲ့ကို ဦးဆောင်ရည် အတွေ့အကြုံအားနည်းကြောင်းနှင့် ထိရောက်မှုမရှိကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ပြီး ၎င်းအား အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ပြီးနောက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။