ထိုင္း-ျမန္မာနယ္စပ္ဂိတ္တစ္ခုကို ထိုင္းႏိုင္ငံဘက္က ပိတ္သိမ္း

ထိုင္း-ျမန္မာနယ္စပ္က နယ္စပ္ဂိတ္တစ္ခုျဖစ္တဲ့ ဂိတ္အမွတ္(၄၈)ကို ထိုင္းႏိုင္ငံဘက္က တရားဝင္ပိတ္လိုက္တယ္လို႔ သိရပါတယ္။

နယ္စပ္ျမစ္ျဖစ္တဲ့ ေသာင္ရင္းျမစ္ကူးဂိတ္(၅၉)ဂိတ္ရွိတဲ့အနက္က မဲေဆာက္ခ႐ိုင္၊ မဲကုရပ္ကြက္မွာရွိတဲ့ ဂိတ္အမွတ္(၄၈)ကို ထိုင္းအာဏာပိုင္ေတြက ပိတ္လိုက္တာျဖစ္တယ္လို႔ အဲ့ဒီဂိတ္ေတြကေန ကူးသန္ေရာင္းဝယ္မႈျပဳလုပ္ေနသူေတြက ေျပာပါတယ္။

ထိုင္းႏိုင္ငံ တာခ္ခ႐ိုင္ၿမိဳ႕ေတာ္ဝန္နဲ႔ နယ္စပ္ေဒသလုံၿခဳံေရးအဖြဲ႕ေတြက အဲ့ဒီဂိတ္ကိုပိတ္သိမ္းလိုက္တယ္လို႔ ၿပီးခဲ့တဲ့ မတ္လ ၂၂ ရက္ေန႔က ေၾကညာခဲ့တယ္လို႔လည္း သိရပါတယ္။

အျခားေသာ တတိယႏိုင္ငံေတြက ကုန္သြယ္မႈျပဳတဲ့ ကုန္/ကားကူးဂိတ္ေတြကိုလည္း ေဒသအာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္မရရွိဘဲ မည္သည့္ လူပုဂၢိဳလ္၊ ေမာ္ေတာ္ယာဥ္၊ ကုန္ပစၥည္းမဆို ကူးသန္းခြင့္ေပးေတာ့မွာမဟုတ္ဘူးလို႔လည္း အာဏာပိုင္ေတြက အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ေၾကျငာထား တယ္လို႔ ထိုင္းဘက္ကလာတဲ့သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ မတ္လ(၂၁)ရက္ေန႔က ထိုင္းႏိုင္ငံ နခြမ္စဝမ္ၿမိဳ႕နယ္မွာ မူးယစ္ေဆးဝါးႏွိမ္နင္းေရးအဖြဲ႕ တိုင္း(၆)အဖြဲ႕ဟာ ျမန္မာဘက္ကျပန္လာတဲ့ ထိုင္းကုန္တင္ယာဥ္တစ္စီးကို မသကၤာရာကေန တားဆီးရွာေဖြခဲ့ခ်ိန္မွာ ကြန္တိန္နာယာဥ္ေပၚကေန စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၈)သန္း၊ ICE(၂၅၀)ဂရမ္၊ ‌ကက္သမင္း(၃၀၀)ဂရမ္ ကိုေတြ႕ရွိသိမ္းဆည္းရမိခဲ့ရာကေန ခုလိုနယ္စပ္ဂိတ္ပိတ္သိမ္းတဲ့အထိျဖစ္လာခဲ့တာျဖစ္တယ္လို႔လည္း ထိုင္းသတင္းေတြကေျပာပါတယ္။

နခြမ္စဝမ္ၿမိဳ႕နယ္မွာဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးေတြသယ္ေဆာင္လာတဲ့ ေသာက္သုံးေရသန္႔တင္ကားဟာ ျမန္မာဘက္ျခမ္းက ကရင္လက္နက္ကိုင္ေတြရဲ႕ နယ္ေျမကအျပန္မွာ မူးယစ္ေဆးဝါးေတြ တင္ေဆာင္လာၿပီး ပိတ္သိမ္းလိုက္တဲ့ ဂိတ္ကေန ျဖတ္သန္းလာတာျဖစ္တယ္လို႔ ထိုင္းသတင္းေတြက ေျပာဆိုထားပါတယ္။


ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုကို ထိုင်းနိုင်ငံဘက်က ပိတ်သိမ်း
=========================
ထိုင်း-မြန်မာနယ်စပ်က နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းနိုင်ငံဘက်က တရားဝင်ပိတ်လိုက်တယ်လို့ သိရပါတယ်။

နယ်စပ်မြစ်ဖြစ်တဲ့ သောင်ရင်းမြစ်ကူးဂိတ်(၅၉)ဂိတ်ရှိတဲ့အနက်က မဲဆောက်ခရိုင်၊ မဲကုရပ်ကွက်မှာရှိတဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်တာဖြစ်တယ်လို့ အဲ့ဒီဂိတ်တွေကနေ ကူးသန်ရောင်းဝယ်မှုပြုလုပ်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ တာခ်ခရိုင်မြို့တော်ဝန်နဲ့ နယ်စပ်ဒေသလုံခြုံရေးအဖွဲ့တွေက အဲ့ဒီဂိတ်ကိုပိတ်သိမ်းလိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

အခြားသော တတိယနိုင်ငံတွေက ကုန်သွယ်မှုပြုတဲ့ ကုန်/ကားကူးဂိတ်တွေကိုလည်း ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သည့် လူပုဂ္ဂိုလ်၊ မော်တော်ယာဉ်၊ ကုန်ပစ္စည်းမဆို ကူးသန်းခွင့်ပေးတော့မှာမဟုတ်ဘူးလို့လည်း အာဏာပိုင်တွေက အမိန့်ကြော်ငြာစာထုတ်ပြန်ကြေငြာထား တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၁)ရက်နေ့က ထိုင်းနိုင်ငံ နခွမ်စဝမ်မြို့နယ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ တိုင်း(၆)အဖွဲ့ဟာ မြန်မာဘက်ကပြန်လာတဲ့ ထိုင်းကုန်တင်ယာဉ်တစ်စီးကို မသင်္ကာရာကနေ တားဆီးရှာဖွေခဲ့ချိန်မှာ ကွန်တိန်နာယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား (၁၈)သန်း၊ ICE(၂၅၀)ဂရမ်၊ ‌ကက်သမင်း(၃၀၀)ဂရမ် ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ရာကနေ ခုလိုနယ်စပ်ဂိတ်ပိတ်သိမ်းတဲ့အထိဖြစ်လာခဲ့တာဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေကပြောပါတယ်။

နခွမ်စဝမ်မြို့နယ်မှာဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ သောက်သုံးရေသန့်တင်ကားဟာ မြန်မာဘက်ခြမ်းက ကရင်လက်နက်ကိုင်တွေရဲ့ နယ်မြေကအပြန်မှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာပြီး ပိတ်သိမ်းလိုက်တဲ့ ဂိတ်ကနေ ဖြတ်သန်းလာတာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ပြောဆိုထားပါတယ်။