ျပည္ပမွ တင္သြင္းထားသည့္ ဘိလပ္ေျမမ်ားအပတ္စဥ္ေရာက္ရွိမည္

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္လ်က္ရွိသည့္ ဘိလပ္ေျမမ်ားကို ျပည္ပမွ တင္သြင္းခြင့္ျပဳရာ အပတ္စဥ္ေရာက္ရွိမည္လာမည္ျဖစ္ေၾကာင္း သိရသည္။
ယမန္ေန႔တြင္လည္း ျပည္ပမွ တင္သြင္းခြင့္ျပဳထားေသာ ဘိလပ္ေျမမ်ား ရန္ကုန္ဆိပ္ကမ္းသို႔ ထပ္မံေရာက္ရွိလာေၾကာင္း သိရသည္။
ယခုအခ်ိန္သည္ ပြင့္လင္းရာသီသို႔ ေရာက္ရွိလာၿပီျဖစ္၍ ႏိုင္ငံတစ္ဝန္းတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္လ်က္ရွိရာ ထိုသို႔တည္ေဆာက္မႈလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္သည့္ ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ျပည္တြင္းထုတ္လုပ္မႈကို အင္အားျဖည့္တင္းေပးႏိုင္ရန္အတြက္ ျပည္ပမွဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳလ်က္ရွိသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတစ္ဆင့္ တင္သြင္းလာေသာ ဘိလပ္ေျမေရယာဥ္မ်ား စဥ္ဆက္မျပတ္ေရာက္ရွိလ်က္ရွိၿပီး ယခု တန္ခ်ိန္ ၁၅၀၀ တင္ေဆာင္လာသည့္ ေရယာဥ္သည္ ရန္ကုန္ၿမိဳ႕ေ႐ႊျပည္သာ ေ႐ႊမဲဆိပ္ကမ္းသို႔ ထပ္မံ ေရာက္ရွိခဲ့သည္။
အဆိုပါ ဘိလပ္ေျမမ်ားကို ယေန႔နံနက္ပိုင္းက ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္ေသာ ဘိလပ္ေျမကို တင္သြင္းခြင့္ျပဳထားၿပီး ယခုေရယာဥ္အျပင္ က်န္ဘိလပ္ေျမ တင္ေဆာင္လာသည့္ ေရယာဥ္မ်ားပါ အပတ္စဥ္ ဆက္လက္ေရာက္ရွိလာမည္ျဖစ္ေၾကာင္း သိရသည္။


ပြည်ပမှ တင်သွင်းထားသည့် ဘိလပ်မြေများအပတ်စဉ်ရောက်ရှိမည်
=====================
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်လျက်ရှိသည့် ဘိလပ်မြေများကို ပြည်ပမှ တင်သွင်းခွင့်ပြုရာ အပတ်စဉ်ရောက်ရှိမည်လာမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့တွင်လည်း ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခု တန်ချိန် ၁၅၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိခဲ့သည်။
အဆိုပါ ဘိလပ်မြေများကို ယနေ့နံနက်ပိုင်းက ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။