အေမရိကန္၏ ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္မ်ား သတင္းေထာက္တစ္ဦးထံမွားယြင္းေပးပို႔မိခဲ့
အေမရိကန္၏အမ်ိဳးသားလုံၿခဳံေရးအႀကံေပးက စစ္ဆင္ေရးဆိုင္ရာ ထိပ္တန္း လွ်ိဳ႕ဝွက္ခ်က္အခ်ိဳ႕ သတင္းေထာက္တစ္ဦးထံ မွားယြင္း ေပးပို႔မိခဲ့ေၾကာင္းသိရသည္။
အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Mike Waltz သည္ ယီမင္ႏိုင္ငံအတြင္း ေလေၾကာင္းတိုက္ခိုက္မည့္ စစ္ဆင္ေရးဆိုင္ရာ စီမံခ်က္အခ်ိဳ႕အား နာမည္ႀကီးသတင္းေထာက္တစ္ဦးထံ မွားယြင္းေပးပို႔မိခဲ့သည္။
ဟူသီသူပုန္မ်ားအား တိုက္ခိုက္မည့္ စစ္ဆင္ေရးဆိုင္ရာ အခ်က္အလက္မ်ားအား ဒုတိယသမၼတ ေဂ်ဒီ ဗန႔္စ္ႏွင့္ ကာကြယ္ေရးဝန္ႀကီး ႏိုင္ငံျခားေရးဝန္ႀကီးမ်ားထံသို႔ Signal App မွတစ္ဆင့္ ေပးပို႔ေနသည့္ ဂ႐ုတစ္ခုအတြင္းသို႔ Atlantic သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ Jeffrey Goldberg မွား ထည့္သြင္းမိခဲ့သည္။
Jeffrey Goldberg က၎ထည့္သြင္းခံရသည့္ ဂ႐ုတြင္ ႏိုင္ငံေတာ္အဆင့္ ထိပ္တန္းပုဂၢိဳလ္အမည္မ်ားအား ျမင္ေတြ႕ရျခင္းေၾကာင့္ လိမ္လည္မႈတစ္ခု ျဖစ္ႏိုင္ေၾကာင္း ထင္ျမင္ခဲ့ၿပီး ယီမင္တြင္ တိုက္ခိုက္မႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ အမွန္တကယ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဆိုပါ မွားယြင္းမႈအား အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူက မွန္ကန္ေၾကာင္း အတည္ျပဳခဲ့ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အေမရိကန္ကာကြယ္ေရးဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ယခင္တာဝန္ရွိသူ အခ်ိဳ႕က အလြန္အႏၲရာယ္ရွိသည့္လုပ္ရပ္ျဖစ္ေၾကာင္း ေဝဖန္ခဲ့သည္။
ဒီမိုကရက္ပါတီလႊတ္ေတာ္အမတ္မ်ားက Signal Chat ေပါက္ၾကားမႈအား စုံစမ္းစစ္ေဆးရန္ေတာင္းဆိုခဲ့သည္။
အမေရိကန်၏ ထိပ်တန်းလျှို့ဝှက်ချက်များ သတင်းထောက်တစ်ဦးထံမှားယွင်းပေးပို့မိခဲ့
========================
အမေရိကန်၏အမျိုးသားလုံခြုံရေးအကြံပေးက စစ်ဆင်ရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ချက်အချို့ သတင်းထောက်တစ်ဦးထံ မှားယွင်း ပေးပို့မိခဲ့ကြောင်းသိရသည်။
အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz သည် ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေးဆိုင်ရာ စီမံချက်အချို့အား နာမည်ကြီးသတင်းထောက်တစ်ဦးထံ မှားယွင်းပေးပို့မိခဲ့သည်။
ဟူသီသူပုန်များအား တိုက်ခိုက်မည့် စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များအား ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်နှင့် ကာကွယ်ရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးများထံသို့ Signal App မှတစ်ဆင့် ပေးပို့နေသည့် ဂရုတစ်ခုအတွင်းသို့ Atlantic သတင်းဌာနမှ အယ်ဒီတာချုပ် Jeffrey Goldberg မှား ထည့်သွင်းမိခဲ့သည်။
Jeffrey Goldberg က၎င်းထည့်သွင်းခံရသည့် ဂရုတွင် နိုင်ငံတော်အဆင့် ထိပ်တန်းပုဂ္ဂိုလ်အမည်များအား မြင်တွေ့ရခြင်းကြောင့် လိမ်လည်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထင်မြင်ခဲ့ပြီး ယီမင်တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမှန်တကယ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ မှားယွင်းမှုအား အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ယခင်တာဝန်ရှိသူ အချို့က အလွန်အန္တရာယ်ရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ဒီမိုကရက်ပါတီလွှတ်တော်အမတ်များက Signal Chat ပေါက်ကြားမှုအား စုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။