ပထမဆုံးအမ်ိဳးသမီး IOC ဥကၠ႒အျဖစ္ ဇင္ဘာေဘြေရကူးမယ္ေဟာင္း ကိုဗင္ထရီ ကိုေ႐ြးခ်ယ္

ႏိုင္ငံတကာအိုလံပစ္ေကာ္မတီ (IOC) ရဲ႕ ပထမဆုံးအမ်ိဳးသမီးဥကၠ႒အျဖစ္ ဇင္ဘာေဘြေရကူးအားကစားမယ္ ေဟာင္း ကာစတီ ကိုဗင္ထရီ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။

မတ္လ ၂၀ ရက္က ဂရိႏိုင္ငံမွာ က်င္းပတဲ့ (၁၄၄) ႀကိမ္ေျမာက္ IOC အစည္းအေဝးမွာ ဥကၠ႒ေ႐ြးေကာက္ပြဲ အတြက္ မဲေပးမႈျပဳလုပ္ခဲ့ၿပီး အသက္ ၄၁ ႏွစ္ရွိၿပီျဖစ္သူ ကိုဗင္ထရီ က ၿပိဳင္ဘက္ျဖစ္သူ အမ်ိဳးသားကိုယ္စားလွယ္ ေျခာက္ဦးကိုေက်ာ္ျဖတ္ကာ မဲအမ်ားဆုံးရရွိခဲ့တာ ျဖစ္ပါတယ္။

ပထမအဆင့္ မဲေပးမႈမွာပင္ ကိုဗင္ထရီ က ၄၉ မဲနဲ႔ အမ်ားဆုံးရရွိၿပီး ဥကၠ႒ေဟာင္းျဖစ္သူ ဟြမ္အန္တိုနီယို ဆာမာရန႔္ခ်္ က ၂၈ မဲနဲ႔ ဒုတိယ၊ ကမာၻ႔ေျပးခုန္ပစ္အဖြဲ႕ခ်ဳပ္ဥကၠ႒ ဆီဘက္စတီယန္ကိုးက ရွစ္မဲျဖင့္ တတိယ၊ က်န္ေလးဦးအနက္ ႏွစ္ဦးက ေလးမဲစီႏွင့္ ႏွစ္ဦးက ႏွစ္မဲစီသာ ရရွိခဲ့ပါတယ္။

ကိုဗင္ထရီ က IOC ရဲ႕ (၁၀) ဦးေျမာက္ ဥကၠ႒ျဖစ္လာၿပီး ပထမဆုံးအမ်ိဳးသမီးဥကၠ႒ျဖစ္လာတဲ့အျပင္ ပထမဆုံး အာဖရိက ႏိုင္ငံသားဥကၠ႒အျဖစ္လည္း မွတ္တမ္းဝင္မွာ ျဖစ္ပါတယ္။

ကိုဗင္ထရီ က အိုလံပစ္ေ႐ႊတံဆိပ္ ႏွစ္ခု၊ ေငြတံဆိပ္ ေလးခုႏွင့္ ေၾကးတံဆိပ္ တစ္ခု ရရွိခဲ့ၿပီး ကမာၻ႔စံခ်ိန္တင္ခဲ့ဖူးသလို အာဖရိကအိုလံပစ္ အားကစားသမားမ်ား အနက္ ဆုတံဆိပ္ အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားသူျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗင္ထရီ က ဇင္ဘာေဘြႏိုင္ငံ၏ လူငယ္၊ အားကစား၊ အႏုပညာႏွင့္ ေဖ်ာ္ေျဖေရးဝန္ႀကီးအျဖစ္ ၂၀၁၈ ခုႏွစ္ကတည္းက ေဆာင္႐ြက္လ်က္ရွိပါတယ္။ ကိုဗင္ထရီ က IOC ဥကၠ႒ တာဝန္မ်ားကို ယခုႏွစ္ ဇြန္လ ၂၃ ရက္ မွစ၍ တာဝန္ယူထမ္းေဆာင္မွာ ျဖစ္ပါတယ္။


ပထမဆုံးအမျိုးသမီး IOC ဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးမယ်ဟောင်း ကိုဗင်ထရီ ကိုရွေးချယ်
==============================

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးအားကစားမယ် ဟောင်း ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

မတ်လ ၂၀ ရက်က ဂရိနိုင်ငံမှာ ကျင်းပတဲ့ (၁၄၄) ကြိမ်မြောက် IOC အစည်းအဝေးမှာ ဥက္ကဋ္ဌရွေးကောက်ပွဲ အတွက် မဲပေးမှုပြုလုပ်ခဲ့ပြီး အသက် ၄၁ နှစ်ရှိပြီဖြစ်သူ ကိုဗင်ထရီ က ပြိုင်ဘက်ဖြစ်သူ အမျိုးသားကိုယ်စားလှယ် ခြောက်ဦးကိုကျော်ဖြတ်ကာ မဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမအဆင့် မဲပေးမှုမှာပင် ကိုဗင်ထရီ က ၄၉ မဲနဲ့ အများဆုံးရရှိပြီး ဥက္ကဋ္ဌဟောင်းဖြစ်သူ ဟွမ်အန်တိုနီယို ဆာမာရန့်ချ် က ၂၈ မဲနဲ့ ဒုတိယ၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘက်စတီယန်ကိုးက ရှစ်မဲဖြင့် တတိယ၊ ကျန်လေးဦးအနက် နှစ်ဦးက လေးမဲစီနှင့် နှစ်ဦးက နှစ်မဲစီသာ ရရှိခဲ့ပါတယ်။

ကိုဗင်ထရီ က IOC ရဲ့ (၁၀) ဦးမြောက် ဥက္ကဋ္ဌဖြစ်လာပြီး ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌဖြစ်လာတဲ့အပြင် ပထမဆုံး အာဖရိက နိုင်ငံသားဥက္ကဋ္ဌအဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ကိုဗင်ထရီ က အိုလံပစ်ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ် တစ်ခု ရရှိခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးသလို အာဖရိကအိုလံပစ် အားကစားသမားများ အနက် ဆုတံဆိပ် အများဆုံးအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗင်ထရီ က ဇင်ဘာဘွေနိုင်ငံ၏ လူငယ်၊ အားကစား၊ အနုပညာနှင့် ဖျော်ဖြေရေးဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗင်ထရီ က IOC ဥက္ကဋ္ဌ တာဝန်များကို ယခုနှစ် ဇွန်လ ၂၃ ရက် မှစ၍ တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်။