ထိုင္းဝန္ႀကီးခ်ဳပ္ အယုံအၾကည္မရွိအဆို တင္သြင္းခံရ
ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုံတန္ ရွင္နာဝပ္ထရာသည္ မတ္ ၂၄ ရက္မွစကာ လႊတ္ေတာ္တြင္ အယုံအၾကည္မရွိအဆို တင္သြင္းမႈႏွင့္ ရင္ဆိုင္ေနရၿပီး သူ၏ စြမ္းေဆာင္ရည္နိမ့္က်ေသာ စီးပြားေရး၊ ၾသဇာႀကီး ဖခင္ျဖစ္သူက သူ႔အစိုးရအဖြဲ႕အေပၚ ၾသဇာလႊမ္းမိုးမႈတို႔ႏွင့္ ပတ္သက္၍ အတိုက္အခံမ်ားက ေမးခြန္းထုတ္ရန္ ရွိေနသည္။
သေဘာထားစစ္တမ္းမ်ားတြင္ ေထာက္ခံမႈအားနည္းသြားေသာ္ျငားလည္း မစၥ ေပတုံတန္သည္ တည္ၿငိမ္ေသာအေနအထားျဖင့္ အေခ်အတင္ေဆြးေႏြးပြဲသို႔ လာေရာက္ခဲ့ၿပီး ပါလီမန္အမတ္ေနရာအမ်ားစု ပိုင္ဆိုင္ထားသည့္ အာဏာရၫြန႔္ေပါင္းအဖြဲ႕တြင္ ကေမာက္ကမ လကၡဏာမ်ားမျပသသျဖင့္ မတ္လ ၂၆ ရက္ မဲခြဲဆုံးျဖတ္ခ်ိန္တြင္ ယင္းအဆိုသည္ ေအာင္ျမင္ႏိုင္ဖြယ္ မရွိေပ။
မစၥ ေပတုံတန္သည္ အက်ိဳးစီးပြား ပဋိပကၡမ်ားႏွင့္ အာဏာအလြဲသုံးစားမႈတို႔ျဖင့္ တရားစီရင္ခံရကာ ျပည္ပသို႔ ၁၅ ႏွစ္ၾကာ ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ ဖခင္ျဖစ္သူ ဘီလ်ံနာ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာထံမွ လမ္းၫႊန္မႈမ်ား ရယူခဲ့သည္ဟု အတိုက္အခံ ျပည္သူ႔ပါတီက စြပ္စြဲထားသည္။
ေလာင္းကစားကို တရားဝင္ခြင့္ျပဳေရး၊ ဒစ္ဂ်စ္တယ္ေငြေၾကးအသုံးျပဳမႈတို႔ပါဝင္သည့္ မူဝါဒမ်ားႏွင့္ ပတ္သက္၍ သက္ဆင္သည္ မၾကာခဏဆိုသလို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့ၿပီး စီးပြားေရး လႈံေဆာ္ရန္အတြက္ အေမရိကန္ေဒၚလာ ၁၄ ဘီလ်ံဖိုးရွိ ေထာက္ပံ့ေၾကးေပးအပ္မႈ အစီအစဥ္ကို ေထာက္ခံရပ္တည္ၿပီး ျဖဴထိုင္းပါတီဦးေဆာင္ေသာ အစိုးရက ယင္းအခ်က္အားလုံးကို လိုက္ေလ်ာညီေထြ လုပ္ေဆာင္ခဲ့သည္။
သူ႔အစိုးရအဖြဲ႕သည္ မည္သူ တစ္ဦးတစ္ေယာက္၏ လႊမ္းမိုးမႈေအာက္တြင္မွ် မရွိေၾကာင္း မစၥ ေပတုံတန္က အခိုင္အမာ ေျပာၾကားခဲ့သကဲ့သို႔ အသက္ ၇၅ ႏွစ္အ႐ြယ္ မစၥတာ သက္ဆင္ကလည္း သူ ႏိုင္ငံေရးမွ အနားယူခဲ့ၿပီဟု ထုတ္ေျပာခဲ့ကာ အႀကံညဏ္ေပးမႈမ်ိဳးသာ လုပ္ေဆာင္သည္ဟု ဆိုခဲ့သည္။
အစိုးရ၏ စီးပြားေရး အစီအမံမ်ားသည္ အေရွ႕ေတာင္အာရွ၏ ဒုတိယစီးပြားေရး အင္အားႀကီးႏိုင္ငံတြင္ ယခုအခ်ိန္အထိ သိသာထင္ရွားေသာ တိုးတက္မႈကို လႈံေဆာ္ေပးႏိုင္ျခင္း မရွိေသးဘဲ ၂၀၂၄ ခုႏွစ္တြင္ တိုးတက္မႈႏႈန္း ၂ ဒႆမ ၅ ရာခိုင္ႏႈန္းရွိခဲ့ကာ ေဒသတြင္း ဘက္ၿပိဳင္ႏိုင္ငံမ်ား၏ တိုးတက္မႈႏွင့္ ေဝးကြာေနဆဲျဖစ္သည္။
ထိုင်းဝန်ကြီးချုပ် အယုံအကြည်မရှိအဆို တင်သွင်းခံရ
=====================
ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မတ် ၂၄ ရက်မှစကာ လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းမှုနှင့် ရင်ဆိုင်နေရပြီး သူ၏ စွမ်းဆောင်ရည်နိမ့်ကျသော စီးပွားရေး၊ သြဇာကြီး ဖခင်ဖြစ်သူက သူ့အစိုးရအဖွဲ့အပေါ် သြဇာလွှမ်းမိုးမှုတို့နှင့် ပတ်သက်၍ အတိုက်အခံများက မေးခွန်းထုတ်ရန် ရှိနေသည်။
သဘောထားစစ်တမ်းများတွင် ထောက်ခံမှုအားနည်းသွားသော်ငြားလည်း မစ္စ ပေတုံတန်သည် တည်ငြိမ်သောအနေအထားဖြင့် အချေအတင်ဆွေးနွေးပွဲသို့ လာရောက်ခဲ့ပြီး ပါလီမန်အမတ်နေရာအများစု ပိုင်ဆိုင်ထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့တွင် ကမောက်ကမ လက္ခဏာများမပြသသဖြင့် မတ်လ ၂၆ ရက် မဲခွဲဆုံးဖြတ်ချိန်တွင် ယင်းအဆိုသည် အောင်မြင်နိုင်ဖွယ် မရှိပေ။
မစ္စ ပေတုံတန်သည် အကျိုးစီးပွား ပဋိပက္ခများနှင့် အာဏာအလွဲသုံးစားမှုတို့ဖြင့် တရားစီရင်ခံရကာ ပြည်ပသို့ ၁၅ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဖခင်ဖြစ်သူ ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာထံမှ လမ်းညွှန်မှုများ ရယူခဲ့သည်ဟု အတိုက်အခံ ပြည်သူ့ပါတီက စွပ်စွဲထားသည်။
လောင်းကစားကို တရားဝင်ခွင့်ပြုရေး၊ ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုမှုတို့ပါဝင်သည့် မူဝါဒများနှင့် ပတ်သက်၍ သက်ဆင်သည် မကြာခဏဆိုသလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပြီး စီးပွားရေး လှုံဆော်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံဖိုးရှိ ထောက်ပံ့ကြေးပေးအပ်မှု အစီအစဉ်ကို ထောက်ခံရပ်တည်ပြီး ဖြူထိုင်းပါတီဦးဆောင်သော အစိုးရက ယင်းအချက်အားလုံးကို လိုက်လျောညီထွေ လုပ်ဆောင်ခဲ့သည်။
သူ့အစိုးရအဖွဲ့သည် မည်သူ တစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှုအောက်တွင်မျှ မရှိကြောင်း မစ္စ ပေတုံတန်က အခိုင်အမာ ပြောကြားခဲ့သကဲ့သို့ အသက် ၇၅ နှစ်အရွယ် မစ္စတာ သက်ဆင်ကလည်း သူ နိုင်ငံရေးမှ အနားယူခဲ့ပြီဟု ထုတ်ပြောခဲ့ကာ အကြံညဏ်ပေးမှုမျိုးသာ လုပ်ဆောင်သည်ဟု ဆိုခဲ့သည်။
အစိုးရ၏ စီးပွားရေး အစီအမံများသည် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံတွင် ယခုအချိန်အထိ သိသာထင်ရှားသော တိုးတက်မှုကို လှုံဆော်ပေးနိုင်ခြင်း မရှိသေးဘဲ ၂၀၂၄ ခုနှစ်တွင် တိုးတက်မှုနှုန်း ၂ ဒဿမ ၅ ရာခိုင်နှုန်းရှိခဲ့ကာ ဒေသတွင်း ဘက်ပြိုင်နိုင်ငံများ၏ တိုးတက်မှုနှင့် ဝေးကွာနေဆဲဖြစ်သည်။