စပါးတင္း သိန္း ၁၅၀ ႏွင့္ ဧည့္မထဆန္အိတ္ ၄ သိန္းကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ကဝယ္ယူမည္
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနနဲ႔ ပို႔ကုန္ကုမၸဏီမ်ား၊ အသင္းဝင္ဆန္စက္ႀကီးမ်ားႏွင့္ ညႇိႏႈိင္းေပါင္းစပ္ကာ စပါးတင္း သိန္း ၁၅၀ ႏွင့္ ဧည့္မထဆန္အိတ္ ၄ သိန္း ဝယ္ယူေရးကို ၂၀၂၅ ခုႏွစ္၊ ဧၿပီလႏွင့္ ေမလမွာ ေဆာင္႐ြက္ သြားမွာျဖစ္ေၾကာင္း မတ္လ ၂၂ ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမ်ား၊ ေဆြးေႏြးပြဲမ်ားႏွင့္စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က အသိေပးထုတ္ျပန္ထားပါတယ္။
လက္ရွိအေျခအေနမွာ ႏိုင္ငံတကာဝယ္လိုအား က်ဆင္းေနျခင္း၊ ျပည္တြင္းဝယ္လိုအားမ်ား က်ဆင္းေနျခင္း အတြက္ ဆန္စပါးေဈးကြက္အတြင္း ဧည့္မထေႏြစပါးစိုက္ပ်ိဳးေသာ ေတာင္သူလယ္သမားမ်ားအေနနဲ႔ ေဈးႏႈန္းက် ဆင္းေနျခင္းႏွင့္ ေရာင္းခ်ရန္ခက္ခဲေနျခင္းတို႔ေၾကာင့္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေနမႈႏွင့္ပတ္သက္၍ ယခုကဲ့သို႔ ဝယ္ယူေပးရန္ ေဆာင္႐ြက္ေပးျခင္း ျဖစ္ပါတယ္။
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္မွာ ေပါင္းဆန္တန္ခ်ိန္ ၃ သိန္းတင္ပို႔ႏိုင္ေရး လ်ာထားေဆာင္႐ြက္လ်က္ရွိသလို ေပါင္းဆန္စက္ ၃၀ ကို အဆင့္ျမႇင့္တင္ျခင္း၊ လိုအပ္ေသာ ပံ့ပိုးကူညီမႈမ်ား ေဆာင္႐ြက္ျခင္း၊ ေပါင္းဆန္ထုတ္လုပ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရတိုေရရွည္ေဆာင္႐ြက္ရန္ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ညႇိႏႈိင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီး ျဖစ္ပါတယ္။
ထို႔အတူ အသင္းခ်ဳပ္ႏွင့္ MoU ေရးထိုးထားတဲ့ Solar Energy ကုမၸဏီ ၁၁ ခုႏွင့္ Export ေဆာင္႐ြက္လ်က္ ရွိတဲ့ ဆန္စက္ႀကီးမ်ားမွာ Solar Energy စက္တပ္ဆင္အင္အား ၄၁ ဒသမ ၅ မဂၢါဝပ္ကို စတင္ေဆာင္႐ြက္ႏိုင္ရန္ ညႇိႏႈိင္းေဆြးေႏြးခဲ့ၾကၿပီး၊ Solar Energy တပ္ဆင္မယ့္ စနစ္အမ်ိဳးမ်ိဳးအေပၚ ညႇိႏႈိင္းေဆြးေႏြးျခင္း၊ Solar ကုမၸဏီမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ရရွိမယ့္ လွ်ပ္စစ္ဓါတ္အားကို ဝယ္ယူသုံးစြဲေရး၊ လယ္ယာသီးႏွံမ်ားတြင္ စိုက္ပ်ိဳးေရရရွိေရးေဆာင္႐ြက္ မယ့္ ကိစၥမ်ား စသည္တို႔ကို ညႇိႏႈိင္းေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။
စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူမည်
==============================
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင်ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူရေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလမှာ ဆောင်ရွက် သွားမှာဖြစ်ကြောင်း မတ်လ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိအခြေအနေမှာ နိုင်ငံတကာဝယ်လိုအား ကျဆင်းနေခြင်း၊ ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်း အတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထနွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားများအနေနဲ့ ဈေးနှုန်းကျ ဆင်းနေခြင်းနှင့် ရောင်းချရန်ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ဝယ်ယူပေးရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပေါင်းဆန်တန်ချိန် ၃ သိန်းတင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသလို ပေါင်းဆန်စက် ၃၀ ကို အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်း၊ ပေါင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ဖြစ်ပါတယ်။
ထို့အတူ အသင်းချုပ်နှင့် MoU ရေးထိုးထားတဲ့ Solar Energy ကုမ္ပဏီ ၁၁ ခုနှင့် Export ဆောင်ရွက်လျက် ရှိတဲ့ ဆန်စက်ကြီးများမှာ Solar Energy စက်တပ်ဆင်အင်အား ၄၁ ဒသမ ၅ မဂ္ဂါဝပ်ကို စတင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ Solar Energy တပ်ဆင်မယ့် စနစ်အမျိုးမျိုးအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ Solar ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနဲ့ ရရှိမယ့် လျှပ်စစ်ဓါတ်အားကို ဝယ်ယူသုံးစွဲရေး၊ လယ်ယာသီးနှံများတွင် စိုက်ပျိုးရေရရှိရေးဆောင်ရွက် မယ့် ကိစ္စများ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။