#Cage Fight
ဘတ် သန်း ၇၀ ကျော် ရှာပေးနိုင်ခဲ့တဲ့ ONE 172
======================
ONE 172 ပြိုင်ပွဲ တိုက်ရိုတ်ပြသနေတော့ ပရိသတ် တစ်ချို့ သတိထားမိလောက်ပါတယ်။
ONE Championship က ဒီပြိုင်ပွဲရောက်မှ ကွင်းထဲက ပရိသတ်တွေကို ခဏခဏ ရိုတ်ပြတာပါ။
ယခင်ပွဲတွေတုန်းက အဲဒီလိုမျိုး လုံးဝ မပြသလို ၊ လာကြည့်တဲ့ ပရိသတ်တွေ ပေါ်အောင်လဲ Lighting ချိန်ထားတာမျိုး မရှိပါဘူး။
ဒီပွဲမှာတော့ ကွင်းထဲက ပရိသတ်မြင်ကွင်းကို ပထမဆုံးကြိမ် ချပြပါတယ်။
လာကြည့်တဲ့ ပရိသတ်အရေတွက်က ၁၅၀၀၀ ဝန်းကျင်ရှိပြီး ၊ ကွင်းဝင်ကြေးကနေ ဘတ် သန်း ၇၀ ဝန်းကျင် ၊ ဒေါ်လာ ၂ သန်း ဝန်းကျင် ရခဲ့တယ်လို့ သတင်းထောက် နစ်အက်ကင် Nick Atkin က ဆိုပါတယ်။
ယခင်က ဂျပန် ချန်ပီယံ မရှိပဲ ဖြစ်နေတဲ့ ဒီပရိုမိုးရှင်းမှာ ယုယဝါကာမတ်စု နဲ့ နိုအီရီ တို့ ချန်ပီယံ ဖြစ်လာလို့ နောက်ထပ် ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေလဲ ထပ်မြင်ရဖွယ်ရှိနေပါတယ်။
#Cage Fight