႐ုရွားႏိုင္ငံအေပၚ အီးယူကခ်မွတ္သည့္ ကန႔္သတ္ပိတ္ဆို႔မႈမ်ားက အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စီးပြားေရးကို ထိခိုက္ ေစလ်က္ရွိဟုဆို
႐ုရွားႏိုင္ငံအေပၚ အီးယူအဖြဲ႕ကခ်မွတ္သည့္ ကန႔္သတ္ပိတ္ဆို႔မႈမ်ားသည္ တျဖည္းျဖည္းအဓိပၸာယ္မဲ့လာၿပီး ယင္းလုပ္ေဆာင္ခ်က္မ်ားသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏စီးပြားေရးကို ဓားျဖင့္ထိုးသကဲ့သို႔ ထိခိုက္ေစလ်က္ရွိသည္ဟု ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီး ပီတာဆစ္ဂ်ာတိုက ေျပာၾကားလိုက္သည္။
ယူကရိန္းပဋိပကၡအား အဆုံးသတ္ေစရန္ႏွင့္ ႐ုရွားစီးပြားေရးတည္ၿငိမ္မႈပ်က္ျပားေစရန္ အဓိကပစ္မွတ္ ထားလုပ္ေဆာင္သည့္ အီးယူအဖြဲ႕ ၏ကန႔္သတ္မႈမ်ားသည္ ေအာင္ျမင္မႈမရွိေၾကာင္း ဆစ္ဂ်ာတို က RT သတင္းဌာန ႏွင့္ မတ္လ ၂၂ ရက္တြင္ လုပ္ေဆာင္သည့္ ေတြ႕ဆုံေမးျမန္း ခန္းတစ္ခု၌ ေျပာၾကားျခင္း ျဖစ္သည္။
အီးယူအဖြဲ႕သည္ ၂၀၂၂ ခုႏွစ္တြင္ ယူကရိန္းပဋိပကၡစတင္ျဖစ္ပြားခ်ိန္မွစ၍ ႐ုရွားႏိုင္ငံအေပၚ အဓိက ပစ္မွတ္ထားသည့္ ကန႔္သတ္ပိတ္ဆို႔မႈ ၁၆ ခု ခ်မွတ္ထားခဲ့ၿပီး ကနဦးတြင္ အီးယူ၏ လုပ္ေဆာင္ခ်က္ကို ဟန္ေဂရီ ႏိုင္ငံက ေထာက္ခံခဲ့သည္။
သို႔ေသာ္ ႐ုရွားႏိုင္ငံမွ ေရနံတင္သြင္းမႈပိတ္ပင္ျခင္းႏွင့္ န်ဴကလီးယားက႑အေပၚအီးယူက ကန႔္သတ္မႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ရာမွ ဟန္ေဂရီႏိုင္ငံအေပၚ စီးပြားေရးအရထိခိုက္လာျခင္းေၾကာင့္ ဟန္ေဂရီအစိုးရက အီးယူ၏ပိတ္ဆို႔မႈမ်ားကို ကန႔္ကြက္လာျခင္းျဖစ္သည္။
အီးယူ၏ပိတ္ဆို႔မႈမ်ားသည္ ႐ုရွားႏိုင္ငံ၏ စီးပြားေရးအား ခ်ည့္နဲ႔ေစျခင္းမရွိသည့္အျပင္ ယခုအခါ ယူကရိန္းပဋိပကၡကို အဆုံးသတ္ေစရန္နီးစပ္လာၿပီျဖစ္ေၾကာင္း၊ ထိုသို႔ နီးစပ္လာျခင္းမွာလည္း အီးယူ၏ကန႔္သတ္ပိတ္ဆို႔မႈမ်ားေၾကာင့္ မဟုတ္ေၾကာင္း ဆစ္ဂ်ာတိုက ဆက္လက္ေျပာ ၾကားထားသည္ဟု RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
ရုရှားနိုင်ငံအပေါ် အီးယူကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက် စေလျက်ရှိဟုဆို
===============================
ရုရှားနိုင်ငံအပေါ် အီးယူအဖွဲ့ကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများသည် တဖြည်းဖြည်းအဓိပ္ပာယ်မဲ့လာပြီး ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ဓားဖြင့်ထိုးသကဲ့သို့ ထိခိုက်စေလျက်ရှိသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောကြားလိုက်သည်။
ယူကရိန်းပဋိပက္ခအား အဆုံးသတ်စေရန်နှင့် ရုရှားစီးပွားရေးတည်ငြိမ်မှုပျက်ပြားစေရန် အဓိကပစ်မှတ် ထားလုပ်ဆောင်သည့် အီးယူအဖွဲ့ ၏ကန့်သတ်မှုများသည် အောင်မြင်မှုမရှိကြောင်း ဆစ်ဂျာတို က RT သတင်းဌာန နှင့် မတ်လ ၂၂ ရက်တွင် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်း ခန်းတစ်ခု၌ ပြောကြားခြင်း ဖြစ်သည်။
အီးယူအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ရုရှားနိုင်ငံအပေါ် အဓိက ပစ်မှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု ၁၆ ခု ချမှတ်ထားခဲ့ပြီး ကနဦးတွင် အီးယူ၏ လုပ်ဆောင်ချက်ကို ဟန်ဂေရီ နိုင်ငံက ထောက်ခံခဲ့သည်။
သို့သော် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုပိတ်ပင်ခြင်းနှင့် နျူကလီးယားကဏ္ဍအပေါ်အီးယူက ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ဟန်ဂေရီနိုင်ငံအပေါ် စီးပွားရေးအရထိခိုက်လာခြင်းကြောင့် ဟန်ဂေရီအစိုးရက အီးယူ၏ပိတ်ဆို့မှုများကို ကန့်ကွက်လာခြင်းဖြစ်သည်။
အီးယူ၏ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေးအား ချည့်နဲ့စေခြင်းမရှိသည့်အပြင် ယခုအခါ ယူကရိန်းပဋိပက္ခကို အဆုံးသတ်စေရန်နီးစပ်လာပြီဖြစ်ကြောင်း၊ ထိုသို့ နီးစပ်လာခြင်းမှာလည်း အီးယူ၏ကန့်သတ်ပိတ်ဆို့မှုများကြောင့် မဟုတ်ကြောင်း ဆစ်ဂျာတိုက ဆက်လက်ပြော ကြားထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။