ႏိုင္ငံအလိုက္ အလုပ္ေခၚစာတင္ခြင့္ လုပ္သားဦးေရ ကန႔္သတ္

ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြအေနနဲ႔ ႏိုင္ငံအလိုက္ အလုပ္ေခၚစာအသစ္ တင္ရမယ့္ လုပ္သားဦးေရကို ကန႔္ သတ္ခြင့္ျပဳေပးေနတယ္လို႔ အလုပ္သမားဝန္ႀကီးဌာန ကေန သိရပါတယ္။
အလုပ္သမားဝန္ႀကီးဌာနအေနနဲ႔ မတ္လ ၂၂ ရက္ကစၿပီး ႏိုင္ငံအလိုက္ အလုပ္ေခၚစာခြင့္ျပဳတဲ့ အေရ အတြက္ကို စတင္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
မတ္လ ၂၂ ရက္က ထိုင္းႏိုင္ငံအတြက္ အလုပ္ေခၚစာတင္ျပရမယ့္ လူဦးေရ အေယာက္ ၅၀ ၊ မတ္လ ၂၃ ရက္မွာ ဂ်ပန္ႏိုင္ငံအတြက္ အလုပ္ေခၚစာ တင္ျပရမယ့္ လူဦးေရ ၁၅ ေယာက္၊ စင္ကာပူႏိုင္ငံအတြက္ အလုပ္ေခၚစာ တင္ျပ ရမယ့္ လူဦးေရ ငါးေယာက္ နဲ႔ ကိုရီးယားသမၼတႏိုင္ငံကို အလုပ္ေခၚစာတင္ျပရမယ့္ လူဦးေရ ၁၀ ေယာက္သာ ေအဂ်င္စီတစ္ခုအေနနဲ႔ တစ္လကို တစ္ႀကိမ္ တင္ျပရမွာ ျဖစ္တယ္လို႔ အလုပ္သမားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ ေတြအရ သိရပါတယ္။
ဇန္နဝါရီ ၃၀ ရက္မတိုင္မီ ႏိုင္ငံအလိုက္ အလုပ္ေခၚစာတင္ျပထားတာေတြကိုေတာ့ အခုသတ္မွတ္တဲ့ လူဦးေရ အတိုင္း မတ္လ ၂၅ ရက္ကစၿပီး ျပင္ဆင္တင္ျပရမွာ ျဖစ္သလို အလုပ္ေခၚစာအသစ္ေတြ တင္ျပတာကိုေတာ့ လာမယ့္ ေမလ ၂ ရက္ကစၿပီး လက္ခံေဆာင္႐ြက္ေပးသြားမယ္လို႔ လည္း ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။
ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြအေနနဲ႔ အလုပ္ေခၚစာေတြကို အလုပ္သမားဝန္ႀကီးဌာနကို လူကိုယ္တိုင္ လာေရာက္တင္ျပဖို႔ မလိုဘဲ အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနရဲ႕ အီးေမးလ္ေတြကတစ္ဆင့္ ေပးပို႔ တင္ျပ ရမယ္လို႔လည္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ႏိုင္ငံအလိုက္ ျမန္မာလုပ္သားေစလႊတ္ရမယ့္ လုပ္ငန္းစဥ္ေတြအရ ခြင့္ျပဳတဲ့ ကန႔္သတ္လူဦးေရအရပဲ အလုပ္ေခၚစာ တင္တာ နဲ႔ ေစလႊတ္ရမယ့္ အေျခအေနမွာ ရွိေနတယ္လို႔လည္း ျပည္ပအလုပ္အကိုင္ ေအဂ်င္စီေတြက ေျပာပါတယ္။


နိုင်ငံအလိုက် အလုပ်ခေါ်စာတင်ခွင့် လုပ်သားဦးရေ ကန့်သတ်
=====================
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာအသစ် တင်ရမယ့် လုပ်သားဦးရေကို ကန့် သတ်ခွင့်ပြုပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မတ်လ ၂၂ ရက်ကစပြီး နိုင်ငံအလိုက် အလုပ်ခေါ်စာခွင့်ပြုတဲ့ အရေ အတွက်ကို စတင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြရမယ့် လူဦးရေ အယောက် ၅၀ ၊ မတ်လ ၂၃ ရက်မှာ ဂျပန်နိုင်ငံအတွက် အလုပ်ခေါ်စာ တင်ပြရမယ့် လူဦးရေ ၁၅ ယောက်၊ စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာ တင်ပြ ရမယ့် လူဦးရေ ငါးယောက် နဲ့ ကိုရီးယားသမ္မတနိုင်ငံကို အလုပ်ခေါ်စာတင်ပြရမယ့် လူဦးရေ ၁၀ ယောက်သာ အေဂျင်စီတစ်ခုအနေနဲ့ တစ်လကို တစ်ကြိမ် တင်ပြရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်မတိုင်မီ နိုင်ငံအလိုက် အလုပ်ခေါ်စာတင်ပြထားတာတွေကိုတော့ အခုသတ်မှတ်တဲ့ လူဦးရေ အတိုင်း မတ်လ ၂၅ ရက်ကစပြီး ပြင်ဆင်တင်ပြရမှာ ဖြစ်သလို အလုပ်ခေါ်စာအသစ်တွေ တင်ပြတာကိုတော့ လာမယ့် မေလ ၂ ရက်ကစပြီး လက်ခံဆောင်ရွက်ပေးသွားမယ်လို့ လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာတွေကို အလုပ်သမားဝန်ကြီးဌာနကို လူကိုယ်တိုင် လာရောက်တင်ပြဖို့ မလိုဘဲ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ အီးမေးလ်တွေကတစ်ဆင့် ပေးပို့ တင်ပြ ရမယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံအလိုက် မြန်မာလုပ်သားစေလွှတ်ရမယ့် လုပ်ငန်းစဉ်တွေအရ ခွင့်ပြုတဲ့ ကန့်သတ်လူဦးရေအရပဲ အလုပ်ခေါ်စာ တင်တာ နဲ့ စေလွှတ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။