ႏိုင္ငံကိုယ္စားျပဳ ေ႐ႊတံဆိပ္ရယူေပးႏိုင္ခဲ့သည့္ အမ်ိဳးသမီးပိုက္ေက်ာ္ျခင္း ၿပိဳင္ ပြဲ
အိႏၵိယႏိုင္ငံတြင္ က်င္းပျပဳလုပ္ေနသည့္ ISTAF WORLD CUP 2025 ၿပိဳင္ပြဲတြင္ အမ်ိဳးသမီးႏွစ္ေယာက္တြဲ ပိုက္ေက်ာ္ျခင္းကစားနည္းမွ ေ႐ႊတံဆိပ္ ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ အမ်ိဳးသားႏွစ္ေယာက္တြဲပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ေငြတံဆိပ္တစ္ခုႏွင့္ အမ်ိဳးသားေလးေယာက္တြဲ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ေၾကးတံဆိပ္ဆု တစ္ဆုကိုလည္း အသီးသီးဆြတ္ခူးေပးႏိုင္ခဲ့သည္။
အဆိုပါ ၿပိဳင္ပြဲကို မတ္လ (၂၀)ရက္ မွ ( ၂၅)ရက္ေန႔အထိ ယွဥ္ၿပိဳင္ကစားေနၾကျခင္းျဖစ္ၿပီး၊ ျမန္မာကိုယ္စားျပဳအသင္းအေနျဖင့္ Men Double ၊ Men Quadrant ၊Women Double ၊ Women Quadrant Mix Quadrant စသည့္ ကစားနည္းမ်ားကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။
နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်ရယူပေးနိုင်ခဲ့သည့် အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင် ပွဲ
===========================
အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ISTAF WORLD CUP 2025 ပြိုင်ပွဲတွင် အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားနှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုနှင့် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တစ်ဆုကိုလည်း အသီးသီးဆွတ်ခူးပေးနိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မတ်လ (၂၀)ရက် မှ ( ၂၅)ရက်နေ့အထိ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်ပြီး၊ မြန်မာကိုယ်စားပြုအသင်းအနေဖြင့် Men Double ၊ Men Quadrant ၊Women Double ၊ Women Quadrant Mix Quadrant စသည့် ကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။