အျမန္လမ္းယာဥ္ရပ္နားစခန္းမွာ EV လွ်ပ္စစ္ဓာတ္အားသြင္း႐ုံတစ္ခု ထပ္မံဖြင့္လွစ္
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးရဲ႕ ေဘာနတ္ႀကီးလမ္းဆုံရွိ (၃၉) မိုင္ ယာဥ္ရပ္နားစခန္းမွာ EV ကားမ်ား အတြက္ လွ်ပ္စစ္ဓာတ္အားသြင္း႐ုံကို မတ္လ ၂၁ ရက္နံနက္ပိုင္းက စတင္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ EV ကားမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားသြင္း႐ုံကို ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဦးမ်ိဳးေဆြဝင္း၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးဝင္းေဖႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ ဖြင့္လွစ္ေပးခဲ့ၾကၿပီး ဒုတိယ ဝန္ႀကီး ဦးဝင္းေဖမွ ႏိုင္ငံအတြင္း လွ်ပ္စစ္ကားမ်ားကို ပိုမိုသုံးစြဲလာႏိုင္သည္ႏွင့္အမွ် ႐ုပ္ႂကြင္းေလာင္စာ ဆီတင္သြင္းမႈအား ေလ်ာ့ခ်သုံးစြဲ ႏိုင္ၿပီး ႏိုင္ငံအတြက္ ႀကီးမားသည့္အက်ိဳးေက်းဇူးျဖစ္၍ လွ်ပ္စစ္ကားေျပးဆြဲမႈပိုမို တြင္က်ယ္ေအာင္ ဝိုင္းဝန္းႀကိဳးစား ေဆာင္႐ြက္ၾကေစလိုသည္ဟု ေျပာၾကားခဲ့ပါတယ္။
ထို႔ေနာက္ ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ ဒုတိယဝန္ႀကီးႏွင့္တာဝန္ရွိသူမ်ားက EV ကားမ်ားအတြက္ လွ်ပ္စစ္ ဓာတ္အား ျဖည့္သြင္း႐ုံအတြင္း EV ကားမ်ား လွ်ပ္စစ္ဓာတ္အားျဖည့္သြင္း ေနမႈကိုၾကည့္ရႈခဲ့ၾကပါတယ္။
အဆိုပါ ဖြင့္လွစ္ခဲ့တဲ့ EV ကားမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားျဖည့္သြင္း႐ုံမွာ EV ကား ၁၀ စီးႏွင့္ EV ဘတ္စ္ကား ၆ စီး လွ်ပ္စစ္ဓာတ္အား ျဖည့္သြင္းႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။
အမြန်လမ်းယာဥ်ရပ်နားစခန်းမှာ EV လျှပ်စစ်ဓာတ်အားသွင်းရုံတစ်ခု ထပ်မံဖွင့်လှစ်
==============================
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉) မိုင် ယာဥ်ရပ်နားစခန်းမှာ EV ကားများ အတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ်လ ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများတက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယ ဝန်ကြီး ဦးဝင်းဖေမှ နိုင်ငံအတွင်း လျှပ်စစ်ကားများကို ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာ ဆီတင်သွင်းမှုအား လျော့ချသုံးစွဲ နိုင်ပြီး နိုင်ငံအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှုပိုမို တွင်ကျယ်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့ပါတယ်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက EV ကားများအတွက် လျှပ်စစ် ဓာတ်အား ဖြည့်သွင်းရုံအတွင်း EV ကားများ လျှပ်စစ်ဓာတ်အားဖြည့်သွင်း နေမှုကိုကြည့်ရှုခဲ့ကြပါတယ်။
အဆိုပါ ဖွင့်လှစ်ခဲ့တဲ့ EV ကားများအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံမှာ EV ကား ၁၀ စီးနှင့် EV ဘတ်စ်ကား ၆ စီး လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။