နည္းျပ သီယာဂိုေမာ့တာကို ဂ်ဴဗင္တပ္အသင္း ရာထူးက ထုတ္ပယ္

ဂ်ဴဗင္တပ္စ္အသင္းက နည္းျပ သီယာဂိုေမာ့တာ ကို ရာထူးမွထုတ္ပယ္ခဲ့ၿပီး အသင္းကစားသမားေဟာင္း ျဖစ္သူ တူေဒါ့ ကို အစားထိုးခန႔္အပ္ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။

လက္ရွိရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းက ရလဒ္ေတြဆိုး႐ြားေနတာေၾကာင့္ နည္းျပျဖစ္သူ သီယာဂိုေမာ့တာ ကို ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ သီယာဂိုေမာ့တာ လက္ထက္ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္ (၅) မွာရပ္တည္ေနၿပီး အျခားဆုဖလားပြဲစဥ္ေတြကေန ထြက္ခြာေနခဲ့ရတာ ျဖစ္ပါတယ္။

ထပ္မံခန႔္အပ္ခဲ့တဲ့ နည္းျပသစ္ တူေဒါ ရဲ႕ စာခ်ဳပ္သက္တမ္းကိုေတာ့ အသင္းဘက္က တရားဝင္ထုတ္ျပန္ျခင္းေတာ့ မရွိေသးပါဘူး။


နည်းပြ သီယာဂိုမော့တာကို ဂျူဗင်တပ်အသင်း ရာထူးက ထုတ်ပယ်
===========================

ဂျူဗင်တပ်စ်အသင်းက နည်းပြ သီယာဂိုမော့တာ ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း ဖြစ်သူ တူဒေါ့ ကို အစားထိုးခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

လက်ရှိရာသီမှာ ဂျူဗင်တပ်စ်အသင်းက ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြဖြစ်သူ သီယာဂိုမော့တာ ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ သီယာဂိုမော့တာ လက်ထက် ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် (၅) မှာရပ်တည်နေပြီး အခြားဆုဖလားပွဲစဉ်တွေကနေ ထွက်ခွာနေခဲ့ရတာ ဖြစ်ပါတယ်။

ထပ်မံခန့်အပ်ခဲ့တဲ့ နည်းပြသစ် တူဒေါ ရဲ့ စာချုပ်သက်တမ်းကိုတော့ အသင်းဘက်က တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။