တာခဲရုကို အလဲထိုးနဲ့ အနိုင်ယူခဲ့တဲ့ ရော့ထန်
======================
ONE 172 ၏ ခေါင်ပွဲဖြစ်သည့် ဖလိုင်းဝိတ်ကစ်ဘောင်ဆင်ပွဲစဉ်တွင် မွေထိုင်းကစားသမား ရော့ထန်က ဂျပန်ကစားသမား တာခဲရုကို ပထမအချီ တစ်မိနစ် ၂၀ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့တယ်။
ရော့ထန်(၂၇ နှစ်)သည် ONE လက်အောက်တွင် ၁၉ ပွဲထိုးသတ်ရာ ၁၇ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ရရှိခဲ့ပါတယ်။
တာခဲရု(၃၃ နှစ်)မှာမူ ONE သုံးပွဲထိုးသတ်ရာတွင် မြန်မာလက်ဝှေ့သမား သန့်ဇင်တစ်ဦးကိုသာ အနိုင်ရခဲ့ပြီး ဆူပါလက်ခ်နှင့် ရော့ထန်တို့ကို အရေးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။