ဇြဲကပင္ေတာင္ ေတာမီးေလာင္မႈ ျဖစ္ပြား
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ ျပည္နယ္အထင္ကရျဖစ္သည့္ ဇြဲကပင္ေတာင္တြင္ ႏွစ္စဥ္ႀကဳံေတြ႕ေနၾကျဖစ္ေသာ ေတာမီးေလာင္ကြၽမ္းမႈ ယေန႔ မတ္ ၂၃ ရက္ညေနပိုင္းမွစတင္ကာ ေလာင္ကြၽမ္းမႈမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
” ဇြဲကပင္ေတာင္မွာ ဒီလိုရက္ေတြေရာက္လာၿပီဆိုရင္ ေတာမီးေလာင္တာက ႏွစ္စဥ္ျဖစ္ေနၾကပါ။ လတ္တေလာကေတာ့ ေတာင္ေပၚမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြကိုဆက္သြယ္ၿပီး အေျခအေနေတြေမးၾကည့္ဖို႔ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔မရေသးဘူးျဖစ္ေနတယ္။ စိတ္ေတာ့ပူရတာေပါ့။ ေနာက္ထပ္ၾကားရသေလာက္ဆိုရင္ ေတာင္တက္ခရီးသြားတစ္ခ်ိဳ႕ရွိတယ္လို႔သိရတယ္”ဟု ေဒသခံတစ္ဦးက ေျပာ သည္။
ဇြဲကပင္ေတာ္ေပၚ၌ ေန႔လည္ ၃ နာရီခြဲအခ်ိန္ခန္႔မွစတင္ကာ ဝိဇၨာညီေနာင္ႏွင့္ ႏြားလဘို႔လွ်ိဳအတြင္းတို႔မွ ေတာမီးစေလာင္ခဲ့ျခင္းျဖစ္သည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဇွဲကပင်တောင် တောမီးလောင်မှု ဖြစ်ပွား
====================
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အထင်ကရဖြစ်သည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ကြုံတွေ့နေကြဖြစ်သော တောမီးလောင်ကျွမ်းမှု ယနေ့ မတ် ၂၃ ရက်ညနေပိုင်းမှစတင်ကာ လောင်ကျွမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
” ဇွဲကပင်တောင်မှာ ဒီလိုရက်တွေရောက်လာပြီဆိုရင် တောမီးလောင်တာက နှစ်စဥ်ဖြစ်နေကြပါ။ လတ်တလောကတော့ တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကိုဆက်သွယ်ပြီး အခြေအနေတွေမေးကြည့်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးဘူးဖြစ်နေတယ်။ စိတ်တော့ပူရတာပေါ့။ နောက်ထပ်ကြားရသလောက်ဆိုရင် တောင်တက်ခရီးသွားတစ်ချို့ရှိတယ်လို့သိရတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။
ဇွဲကပင်တော်ပေါ်၌ နေ့လည် ၃ နာရီခွဲအချိန်ခန့်မှစတင်ကာ ဝိဇ္ဇာညီနောင်နှင့် နွားလဘို့လျှိုအတွင်းတို့မှ တောမီးစလောင်ခဲ့ခြင်းဖြစ်သည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။