ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (၂၁)ႀကိမ္ေျမာက္ Book Review Section ျပဳလုပ္

မတ္ ၂၀၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးမွ ႀကီးမႉး၍ ျပဳလုပ္ေသာ စာဖတ္ရွိန္ျမႇင့္တင္ေရး အစီအစဥ္တစ္ရပ္ျဖစ္သည့္ (၂၁)ႀကိမ္ေျမာက္ Book Review Section ကို ယေန႔ နံနက္ ၀၉၃၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးမ်ားႏွင့္ ဒုတိယဌာနမႉးမ်ား၊ စာအုပ္စာေပ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ၾကပါသည္။
အဆိုပါအစီအစဥ္တြင္ ဌာနမႉး ဦးေက်ာ္သူရမွ စာေရးသူ ေအာင္မင္းသိုက္ ေရးသားေသာ “ဗလာဒီမီယာပူတင္၊ သံမဏိအၿပဳံးႏွင့္လူ ” စာအုပ္၊ ဌာနမႉး ဦးလြမ္းေအာင္မွ စာေရးသူ ေက်ာ္ဝင္း ေရးသားေသာ “ႏိုင္ငံေတာ္သစ္တည္ေဆာက္ေရး” စာအုပ္တို႔အား ရွင္းလင္းေဆြးေႏြးၾကရာ တက္ေရာက္လာၾကေသာ စာအုပ္စာေပစိတ္ပါဝင္စားသူမ်ားမွလည္း ပါဝင္ေဆြးေႏြးခဲ့ၾကပါသည္။
၎ေနာက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးမ်ိဳးေဇာ္သိန္း၊ ဦးလွထြန္း၊ ဦးျမတ္ဟိန္းတို႔မွ ေဆြးေႏြးသည့္စာအုပ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ ေဆြးေႏြးခ်က္မ်ား ေဆြးေႏြးသူမ်ားႏွင့္ ပတ္သက္၍လည္းေကာင္း သုံးသပ္ေဆြးေႏြးကာ လိုအပ္သည္မ်ားမွာၾကားခဲ့ပါသည္။ ထိုေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီး ဦးေဆာင္ေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ားေပးအပ္ခ်ီးျမႇင့္ပါသည္။
ဆက္လက္ၿပီး ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လႈိင္ျမင့္၊ ဗဟိုေကာ္မတီဝင္ ေဒါက္တာေဇာ္ေဇာ္ျမင့္တို႔က ပါတီစာၾကည့္တိုက္သို႔ စာအုပ္မ်ားေပးအပ္လႉဒါန္းရာ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးတာဝန္ခံ ဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးမွ လက္ခံရယူ၍ ဂုဏ္ျပဳမွတ္တမ္းမ်ားျပန္လည္ေပးအပ္ၿပီး (၂၁)ႀကိမ္ေျမာက္ Book Review Section ကို ေန႔လည္ ၁၂၃၀ နာရီအခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၁)ကြိမ်မြောက် Book Review Section ပြုလုပ်
=================================
မတ် ၂၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးမှ ကြီးမှူး၍ ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် (၂၁)ကြိမ်မြောက် Book Review Section ကို ယနေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ပါတီဌာနချုပ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ စာအုပ်စာပေ စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။
အဆိုပါအစီအစဉ်တွင် ဌာနမှူး ဦးကျော်သူရမှ စာရေးသူ အောင်မင်းသိုက် ရေးသားသော “ဗလာဒီမီယာပူတင်၊ သံမဏိအပြုံးနှင့်လူ ” စာအုပ်၊ ဌာနမှူး ဦးလွမ်းအောင်မှ စာရေးသူ ကျော်ဝင်း ရေးသားသော “နိုင်ငံတော်သစ်တည်ဆောက်ရေး” စာအုပ်တို့အား ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသော စာအုပ်စာပေစိတ်ပါဝင်စားသူများမှလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်းတို့မှ ဆွေးနွေးသည့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးချက်များ ဆွေးနွေးသူများနှင့် ပတ်သက်၍လည်းကောင်း သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ချီးမြှင့်ပါသည်။
ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်၊ ဗဟိုကော်မတီဝင် ဒေါက်တာဇော်ဇော်မြင့်တို့က ပါတီစာကြည့်တိုက်သို့ စာအုပ်များပေးအပ်လှူဒါန်းရာ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းများပြန်လည်ပေးအပ်ပြီး (၂၁)ကြိမ်မြောက် Book Review Section ကို နေ့လည် ၁၂၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။