ေတာင္ကိုရီးယားသို႔ လုပ္သားသစ္ ၁၂၄ ဦးကို EPS စနစ္နဲ႔ေစလႊတ္ခဲ့
မတ္လ ၁၉ ရက္မွာ ကိုရီးယားသမၼတႏိုင္ငံသို႔ အစိုးရျပည္ပအလုပ္ အကိုင္ေအဂ်င္စီ (POEA) မွတဆင့္ EPS စနစ္နဲ႔ လုပ္သားသစ္ ၁၂၄ ဦးေစလႊတ္ခဲ့ေၾကာင္း ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ ထုတ္ျပန္ထားပါတယ္။
၎တို႔မွာ ကုန္ထုတ္လုပ္သား ၅၈ ဦး၊ သစ္ေတာလုပ္သား ၂၅ ဦး၊ ေဆာက္လုပ္ေရးလုပ္သား ၁၉ ဦး ဝန္ေဆာင္မႈ လုပ္သား ၇ ဦး (အမ်ိဳးသမီး ၁ ဦး) ႏွင့္ စိုက္ပ်ိဳး/ေမြးျမဴေရးလုပ္သား ၁၅ ဦး စုစုေပါင္း လုပ္သားသစ္ ၁၂၄ ဦးသည္ ရန္ကုန္ၿမိဳ႕မွ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း UB 8301 (Charter Flight)ခရီးစဥ္ျဖင့္ ေရာက္ရွိခဲ့ရာ ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ အလုပ္သမားသံအရာရွိက ႀကိဳဆို၍ အလုပ္သမားမ်ား သိရွိလိုက္နာ သင့္တဲ့အခ်က္မ်ားကို မွာၾကားခဲ့ၿပီးလိုအပ္သည္မ်ားကိုကူညီပံ့ပိုးေပးခဲ့ေၾကာင္းသိရပါတယ္။
ဒါ့အျပင္ ေတာင္ကိုရီးယားမွ ယခုႏွစ္အတြက္ႏိုင္ငံျခားသား EPS လုပ္သား ၂၀,၀၀၀ ေက်ာ္ေခၚယူသြားမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွ ေတာင္ကိုရီးယား သို႔ ႏွစ္စဥ္လုပ္သား ၁၀,၀၀၀ နီးပါးေစလႊတ္ေနၿပီးလက္ရွိတြင္ျမန္မာလုပ္သား ၇၀,၀၀၀ ေက်ာ္ေရာက္ရွိ လုပ္ကိုင္ေနပါတယ္။
တောင်ကိုရီးယားသို့ လုပ်သားသစ် ၁၂၄ ဦးကို EPS စနစ်နဲ့စေလွှတ်ခဲ့
========================
မတ်လ ၁၉ ရက်မှာ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတဆင့် EPS စနစ်နဲ့ လုပ်သားသစ် ၁၂၄ ဦးစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ထုတ်ပြန်ထားပါတယ်။
၎င်းတို့မှာ ကုန်ထုတ်လုပ်သား ၅၈ ဦး၊ သစ်တောလုပ်သား ၂၅ ဦး၊ ဆောက်လုပ်ရေးလုပ်သား ၁၉ ဦး ဝန်ဆောင်မှု လုပ်သား ၇ ဦး (အမျိုးသမီး ၁ ဦး) နှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သား ၁၅ ဦး စုစုပေါင်း လုပ်သားသစ် ၁၂၄ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight)ခရီးစဥ်ဖြင့် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာ သင့်တဲ့အချက်များကို မှာကြားခဲ့ပြီးလိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားမှ ယခုနှစ်အတွက်နိုင်ငံခြားသား EPS လုပ်သား ၂၀,၀၀၀ ကျော်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တောင်ကိုရီးယား သို့ နှစ်စဥ်လုပ်သား ၁၀,၀၀၀ နီးပါးစေလွှတ်နေပြီးလက်ရှိတွင်မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင်နေပါတယ်။