လူတူစက္႐ုပ္ေတြနဲ႔ ကားထုတ္လုပ္ေနတဲ့ မာစီးဒီး
ကားထုတ္လုပ္တဲ့ စက္႐ုံေတြမွာ လူတူစက္႐ုပ္ေတြကို အသုံးျပဳလာၾကပါၿပီ။ အခုေတာ့ အဲဒီအထဲမွာ မာစီးဒီးလည္း ပါဝင္လာပါၿပီ။
မာစီးဒီး က တကၠဆပ္ အေျခစိုက္ Apptronik စက္႐ုပ္ ကုမၸဏီက ထုတ္လုပ္ထားတဲ့ Apollo လူတူစက္႐ုပ္ေတြကို ကားထုတ္လုပ္တဲ့ စက္႐ုံမွာ အသုံးျပဳေနပါတယ္။ စက္႐ုပ္ေတြက ကား အစိတ္အပိုင္းေတြ သယ္ေဆာင္တာနဲ႔ အရည္အေသြး စစ္ေဆးတာလို အလုပ္ေတြကို ျပဳလုပ္ေနၾကပါတယ္။
အစပိုင္းမွာ စက္႐ုပ္ေတြကို လူေတြက ေလ့က်င့္သင္ၾကားေပးထားတာ ျဖစ္ၿပီး အခုေတာ့ စက္႐ုပ္ေတြဟာ ကိုယ္တိုင္ အလုပ္လုပ္ႏိုင္ၾကပါတယ္။ ကားထုတ္လုပ္မႈ ျမန္ဆန္ေစဖို႔နဲ႔ အလုပ္သမား ရွားပါးမႈ ျပႆနာကို ေျဖရွင္းဖို႔ လူတူစက္႐ုပ္ေတြကို မာစီးဒီး က အသုံးျပဳေနတာ ျဖစ္ပါတယ္။ ထပ္ခါတလဲလဲ လုပ္ရတဲ့ အလုပ္ေတြ၊ လူသားေတြအတြက္ အႏၲရာယ္ရွိတဲ့ အလုပ္ေတြကို စက္႐ုပ္ေတြကို ခိုင္းေစေနတာ ျဖစ္ပါတယ္။
မာစီးဒီး ဟာ ဘာလင္မွ Digital Factory Campus နဲ႔ ဟန္ေဂရီမွ Kecskemet မွာ အဲဒီ စက္႐ုပ္ေတြကို စမ္းသပ္ေနၿပီး ေနာက္ပိုင္းမွာ တိုးခ်ဲ႕သြားမယ့္ အစီအစဥ္ရွိပါတယ္။
Ref : Technology Innovation #DigitalTimes
လူတူစက်ရုပ်တွေနဲ့ ကားထုတ်လုပ်နေတဲ့ မာစီးဒီး
===========================
ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာ လူတူစက်ရုပ်တွေကို အသုံးပြုလာကြပါပြီ။ အခုတော့ အဲဒီအထဲမှာ မာစီးဒီးလည်း ပါဝင်လာပါပြီ။
မာစီးဒီး က တက္ကဆပ် အခြေစိုက် Apptronik စက်ရုပ် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Apollo လူတူစက်ရုပ်တွေကို ကားထုတ်လုပ်တဲ့ စက်ရုံမှာ အသုံးပြုနေပါတယ်။ စက်ရုပ်တွေက ကား အစိတ်အပိုင်းတွေ သယ်ဆောင်တာနဲ့ အရည်အသွေး စစ်ဆေးတာလို အလုပ်တွေကို ပြုလုပ်နေကြပါတယ်။
အစပိုင်းမှာ စက်ရုပ်တွေကို လူတွေက လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပြီး အခုတော့ စက်ရုပ်တွေဟာ ကိုယ်တိုင် အလုပ်လုပ်နိုင်ကြပါတယ်။ ကားထုတ်လုပ်မှု မြန်ဆန်စေဖို့နဲ့ အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ လူတူစက်ရုပ်တွေကို မာစီးဒီး က အသုံးပြုနေတာ ဖြစ်ပါတယ်။ ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေ၊ လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေကို ခိုင်းစေနေတာ ဖြစ်ပါတယ်။
မာစီးဒီး ဟာ ဘာလင်မှ Digital Factory Campus နဲ့ ဟန်ဂေရီမှ Kecskemet မှာ အဲဒီ စက်ရုပ်တွေကို စမ်းသပ်နေပြီး နောက်ပိုင်းမှာ တိုးချဲ့သွားမယ့် အစီအစဉ်ရှိပါတယ်။
Ref : Technology Innovation #DigitalTimes