EV ကားမ်ား လမ္း၊ တံတားအသုံးျပဳခ ေပးေဆာင္ရမည္

လက္ရွိတြင္ လမ္း၊ တံတားအသုံးျပဳခ ကင္းလြတ္ခြင့္ရေနသည့္ EV ကားမ်ားသည္ လာမည့္ ဧၿပီလ (၁) ရက္မွ စတင္ကာ ေပးေဆာင္ရေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။
EV ကားမ်ားကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဧၿပီလ (၁)ရက္မွ စတင္ကာ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး အပါအဝင္ BOT စနစ္ျဖင့္ ေဆာင္႐ြက္ေနေသာ လမ္း၊ တံတားမ်ား၊ ျပည္ေထာင္စုလမ္းမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ လမ္းတံတားအားလုံး လမ္း/တံတားအသုံးျပဳခ ကင္းလြတ္ခြင့္ေပးထားျခင္း ျဖစ္သည္။
အဆိုပါ လမ္း/တံတားအသုံးျပဳခ ကင္းလြတ္ခြင့္ကာလသည္ မတ္လ (၃၁) ရက္၌ ျပည့္သြားၿပီျဖစ္သည့္အတြက္ ဧၿပီ လ (၁)ရက္မွ စတင္၍ ေပးေဆာင္ၾကရမည္ျဖစ္သည္ဟု သိရသည္။
ယင္းကဲ့သို႔ လမ္းတံတားအသုံးျပဳခ ေကာက္ခံမႈႏွင့္ပတ္သက္၍ မၾကာေသးမီရက္ပိုင္းက ျပဳလုပ္ခဲ့ေသာ EV ကားမ်ားႏွင့္ ပတ္သက္သည့္ အစည္းအေဝးတစ္ရပ္အတြင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနမွ အရာရွိမ်ားအပါအဝင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက သေဘာတူဆုံးျဖတ္ထားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။


EV ကားများ လမ်း၊ တံတားအသုံးပြုခ ပေးဆောင်ရမည်
========================
လက်ရှိတွင် လမ်း၊ တံတားအသုံးပြုခ ကင်းလွတ်ခွင့်ရနေသည့် EV ကားများသည် လာမည့် ဧပြီလ (၁) ရက်မှ စတင်ကာ ပေးဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
EV ကားများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ (၁)ရက်မှ စတင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်း၊ တံတားများ၊ ပြည်ထောင်စုလမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်းတံတားအားလုံး လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ပေးထားခြင်း ဖြစ်သည်။
အဆိုပါ လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ကာလသည် မတ်လ (၃၁) ရက်၌ ပြည့်သွားပြီဖြစ်သည့်အတွက် ဧပြီ လ (၁)ရက်မှ စတင်၍ ပေးဆောင်ကြရမည်ဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ လမ်းတံတားအသုံးပြုခ ကောက်ခံမှုနှင့်ပတ်သက်၍ မကြာသေးမီရက်ပိုင်းက ပြုလုပ်ခဲ့သော EV ကားများနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အရာရှိများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက သဘောတူဆုံးဖြတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။