ေနေရာင္ျခည္ျဖင့္ အားသြင္းႏိုင္မည့္ EV ကားသစ္ Toyota မိတ္ဆက္
Toyota က မိတ္ဆက္လာတဲ့ Solar ေခါင္မိုးပါၿပီး ေနေရာင္ျခည္စြမ္းအင္နဲ႔ အားသြင္းႏိုင္မယ့္ လွ်ပ္စစ္ကားသစ္အ ေၾကာင္းကို The verge သတင္းမွာ ေဖာ္ျပထားပါတယ္။ အဲဒီလွ်ပ္စစ္ကားကို FT-Me လို႔ နာမည္ေပးထားၿပီး ကားေခါင္မိုးမွာ တပ္ဆင္ထားတဲ့ Solar Panel ကေန ကားကို အားသြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။
ေနေရာင္ျခည္က ရတဲ့ စြမ္းအင္နဲ႔ တစ္ရက္ကို ကီလိုမီတာ ၃၀ (၁၉ မိုင္)အထိ ေမာင္းႏွင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အားအျပည့္ သြင္းထားရင္ ကီလိုမီတာ ၁၀၀ (၆၂ မိုင္)အထိ ေမာင္းႏွင္ႏိုင္မွာပါ။ အဲဒီကားဟာ ႐ုံးသြား၊ ႐ုံးျပန္နဲ႔ ၿမိဳ႕ထဲမွာ စီးဖို႔ ဒီဇိုင္းထုတ္ထားတာျဖစ္သလို အ႐ြယ္အစားေသးငယ္ၿပီး အရွည္က ၂ မီတာခြဲ (၉၈ လက္မ) သာ ရွိပါတယ္။ Golf Cart အ႐ြယ္အစားေလာက္ပဲ ရွိတဲ့အတြက္ ကားပါကင္ထိုးရင္လည္း အဆင္ေျပတယ္လို႔ ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္က ေျပာပါတယ္။
FT-Me ကို စြန႔္ပစ္ပစၥည္းေတြနဲ႔ တည္ေဆာက္ထားၿပီး သာမန္ကားေတြထက္ ကာဗြန္ထုတ္လုပ္မႈကို ၉၀ ရာခိုင္ႏႈန္း နီးနီး ေလွ်ာ့ခ်ေပးႏိုင္မွာ ျဖစ္ပါတယ္။ FT-Me ကားက အ႐ြယ္အစားႀကီးမားတဲ့ EV ကားေတြထက္ စြမ္းအင္ သုံးစြဲ မႈက ၃ ဆ နည္းပါးတယ္လို႔ ဆိုပါတယ္။ ေျခေထာက္သုံးစရာမလိုဘဲ လက္နဲ႔ပဲ ေမာင္းႏွင္ႏိုင္တဲ့အတြက္ Wheelchair User ေတြပါ ေမာင္းႏိုင္မွာျဖစ္ၿပီး ေဈးႏႈန္းကလည္း ေဒၚလာ ၁၀,၀၀၀ ဝန္းက်င္သာ ရွိတယ္လို႔ သိရပါတယ္။
နေရောင်ခြည်ဖြင့် အားသွင်းနိုင်မည့် EV ကားသစ် Toyota မိတ်ဆက်
==========================
Toyota က မိတ်ဆက်လာတဲ့ Solar ခေါင်မိုးပါပြီး နေရောင်ခြည်စွမ်းအင်နဲ့ အားသွင်းနိုင်မယ့် လျှပ်စစ်ကားသစ်အ ကြောင်းကို The verge သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလျှပ်စစ်ကားကို FT-Me လို့ နာမည်ပေးထားပြီး ကားခေါင်မိုးမှာ တပ်ဆင်ထားတဲ့ Solar Panel ကနေ ကားကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
နေရောင်ခြည်က ရတဲ့ စွမ်းအင်နဲ့ တစ်ရက်ကို ကီလိုမီတာ ၃၀ (၁၉ မိုင်)အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အားအပြည့် သွင်းထားရင် ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အထိ မောင်းနှင်နိုင်မှာပါ။ အဲဒီကားဟာ ရုံးသွား၊ ရုံးပြန်နဲ့ မြို့ထဲမှာ စီးဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်သလို အရွယ်အစားသေးငယ်ပြီး အရှည်က ၂ မီတာခွဲ (၉၈ လက်မ) သာ ရှိပါတယ်။ Golf Cart အရွယ်အစားလောက်ပဲ ရှိတဲ့အတွက် ကားပါကင်ထိုးရင်လည်း အဆင်ပြေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
FT-Me ကို စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး သာမန်ကားတွေထက် ကာဗွန်ထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်း နီးနီး လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ FT-Me ကားက အရွယ်အစားကြီးမားတဲ့ EV ကားတွေထက် စွမ်းအင် သုံးစွဲ မှုက ၃ ဆ နည်းပါးတယ်လို့ ဆိုပါတယ်။ ခြေထောက်သုံးစရာမလိုဘဲ လက်နဲ့ပဲ မောင်းနှင်နိုင်တဲ့အတွက် Wheelchair User တွေပါ မောင်းနိုင်မှာဖြစ်ပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။