ယခုရာသီအကုန္တြင္ မန္ယူမွ ကြင္းလယ္လူ အဲရစ္ဆင္ ထြက္ခြာေတာ့မယ္
မန္ယူကြင္းလယ္လူ အဲရစ္ဆင္ဟာ အခုရာသီအကုန္မွာ အသင္းကေန ထြက္ခြာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ ေမြးရပ္ေျမဒိန္းမတ္ကို ေျပာင္းေ႐ႊ႕ကစားဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ဆိုပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ၂၀၂၂မွာ မန္ယူကို ေရာက္ရွိခဲ့တာျဖစ္ၿပီး အခုရာသီအကုန္မွာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက ခန႔္အပ္ခံခဲ့ရတဲ့ နည္းျပအေမာ္ရင္ လက္ေအာက္မွာ ၿပိဳင္ပြဲစုံ(၁၄)ပြဲသာကစားခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ အာဆင္နယ္၊ လက္စတာတို႔နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၂)ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ အဲရစ္ဆင္ဟာ သူ႔ရဲ႕စီနီယာကစားသမားဘဝတစ္ခုလုံးကို ဒိန္းမတ္ႏိုင္ငံျပင္ပမွာသာ ကုန္ဆုံးခဲ့ၿပီး ေအဂ်က္ဇ္။ စပါး။ အင္တာမီလန္နဲ႔ ဘရန႔္ဖို႔ဒ္အသင္းေတြမွာ ကစားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲရစ္ဆင္က သူ႔အေနနဲ႔ ေမြးရပ္ေျမဒိန္းမတ္ကို ေျပာင္းေ႐ႊ႕ကစားဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ယခုရာသီအကုန်တွင် မန်ယူမှ ကွင်းလယ်လူ အဲရစ်ဆင် ထွက်ခွာတော့မယ်
======================================
မန်ယူကွင်းလယ်လူ အဲရစ်ဆင်ဟာ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မွေးရပ်မြေဒိန်းမတ်ကို ပြောင်းရွှေ့ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။ အသက်(၃၃)နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ၂၀၂၂မှာ မန်ယူကို ရောက်ရှိခဲ့တာဖြစ်ပြီး အခုရာသီအကုန်မှာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ခန့်အပ်ခံခဲ့ရတဲ့ နည်းပြအမော်ရင် လက်အောက်မှာ ပြိုင်ပွဲစုံ(၁၄)ပွဲသာကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အာဆင်နယ်၊ လက်စတာတို့နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အဲရစ်ဆင်ဟာ သူ့ရဲ့စီနီယာကစားသမားဘဝတစ်ခုလုံးကို ဒိန်းမတ်နိုင်ငံပြင်ပမှာသာ ကုန်ဆုံးခဲ့ပြီး အေဂျက်ဇ်။ စပါး။ အင်တာမီလန်နဲ့ ဘရန့်ဖို့ဒ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲရစ်ဆင်က သူ့အနေနဲ့ မွေးရပ်မြေဒိန်းမတ်ကို ပြောင်းရွှေ့ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။