ဘာစီလိုနာ မွာ ေမာင္းသူမဲ့ လွ်ပ္စစ္ ဘတ္စ္ကားေတြ အခမဲ့ေျပးဆြဲ

ေမာင္းသူမဲ့ ကားေတြကို ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြမွာ စမ္းသပ္ေနၾကပါတယ္။ အခုေတာ့ ဘာစီလိုနာ ရဲ႕ လမ္းေတြေပၚကို ေမာင္းသူမဲ့ လွ်ပ္စစ္ ဘတ္စ္ကားေတြ ေရာက္လာၾကပါၿပီ။
ျပင္သစ္ရဲ႕ Renault ကားကုမၸဏီက ဘာစီလိုနာမွာ ေမာင္းသူမဲ့ လွ်ပ္စစ္ မီနီ ဘတ္စ္ကားေတြကို စမ္းသပ္ေနၿပီး ျပည္သူေတြကို အခမဲ့ စီးခြင့္ျပဳထားပါတယ္။ လွ်ပ္စစ္ ဘတ္စ္ကားဟာ ဘာစီလိုနာမွာ ၂.၂ ကီလိုမီတာ (၁.၃ မိုင္) ခရီးကို ေမာင္းသူ လိုက္ပါျခင္း မရွိဘဲ ေျပးဆြဲေပးေနပါတယ္။ မွတ္တိုင္ ၄ ခုမွာ ရပ္နားပါတယ္။
Renault က အဲဒီ ဘတ္စ္ကားကို ေမာင္းသူမဲ့ ကားေတြကို ဖန္တီးေနတဲ့ WeRide နဲ႔ ပူးေပါင္း တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ေမာင္းသူမဲ့ စနစ္အတြက္ ကားမွာ ကင္မရာ ၁၀ လုံးနဲ႔ Lidar ၈ လုံး တပ္ဆင္ထားပါတယ္။ တစ္နာရီကို ၄၀ ကီလိုမီတာ (တစ္နာရီကို ၂၅ မိုင္) အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏိုင္ၿပီး အားအျပည့္သြင္းထားရင္ ၁၂၀ ကီလိုမီတာ (၇၅ မိုင္) ေမာင္းႏွင္ႏိုင္ပါတယ္။
Renault က ျပင္သစ္ႏိုင္ငံ ဗလန္စီနဲ႔ ဆြစ္ဇာလန္ ႏိုင္ငံ ဇူးရစ္ ေလဆိပ္မွာ ေမာင္းသူမဲ့ ကားေတြကို စမ္းသပ္ဖို႔ စီစဥ္ထားပါတယ္။
Ref : Technology Innovation #DigitalTimes


ဘာစီလိုနာ မှာ မောင်းသူမဲ့ လျှပ်စစ် ဘတ်စ်ကားတွေ အခမဲ့ပြေးဆွဲ
=====================================
မောင်းသူမဲ့ ကားတွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ စမ်းသပ်နေကြပါတယ်။ အခုတော့ ဘာစီလိုနာ ရဲ့ လမ်းတွေပေါ်ကို မောင်းသူမဲ့ လျှပ်စစ် ဘတ်စ်ကားတွေ ရောက်လာကြပါပြီ။
ပြင်သစ်ရဲ့ Renault ကားကုမ္ပဏီက ဘာစီလိုနာမှာ မောင်းသူမဲ့ လျှပ်စစ် မီနီ ဘတ်စ်ကားတွေကို စမ်းသပ်နေပြီး ပြည်သူတွေကို အခမဲ့ စီးခွင့်ပြုထားပါတယ်။ လျှပ်စစ် ဘတ်စ်ကားဟာ ဘာစီလိုနာမှာ ၂.၂ ကီလိုမီတာ (၁.၃ မိုင်) ခရီးကို မောင်းသူ လိုက်ပါခြင်း မရှိဘဲ ပြေးဆွဲပေးနေပါတယ်။ မှတ်တိုင် ၄ ခုမှာ ရပ်နားပါတယ်။
Renault က အဲဒီ ဘတ်စ်ကားကို မောင်းသူမဲ့ ကားတွေကို ဖန်တီးနေတဲ့ WeRide နဲ့ ပူးပေါင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မောင်းသူမဲ့ စနစ်အတွက် ကားမှာ ကင်မရာ ၁၀ လုံးနဲ့ Lidar ၈ လုံး တပ်ဆင်ထားပါတယ်။ တစ်နာရီကို ၄၀ ကီလိုမီတာ (တစ်နာရီကို ၂၅ မိုင်) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး အားအပြည့်သွင်းထားရင် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) မောင်းနှင်နိုင်ပါတယ်။
Renault က ပြင်သစ်နိုင်ငံ ဗလန်စီနဲ့ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် လေဆိပ်မှာ မောင်းသူမဲ့ ကားတွေကို စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။
Ref : Technology Innovation #DigitalTimes