စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အလုပ္သမားမ်ားကို ေစလႊတ္ၿပီးမွသာ ေနာက္ထပ္အလုပ္ေခၚစာအသစ္ တင္ခြင့္ျပဳမည္

ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သမားပို႔ေဆာင္ေပးေနေသာ ဝန္ေဆာင္မႈေအဂ်င္စီမ်ားအေနျဖင့္ စာခ်ဴပ္ခ်ဳပ္ဆိုၿပီး အလုပ္သမားမ်ားကို ေစလႊတ္ၿပီးမွသာ ေနာက္ထပ္အလုပ္ေခၚစာမ်ားကို ထပ္မံတင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း (MOEAA)က သိထုတ္ျပန္ေၾကညာထားပါတယ္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားအေနနဲ႔ ႏိုင္ငံအလိုက္ အလုပ္သမားေစလႊတ္ခြင့္ တင္ျပရာတြင္ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၃၁ ရက္မတိုင္မီ ထိုင္းႏိုင္ငံအတြက္ အလုပ္ရွင္အလုပ္သမား သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးသည့္ အလုပ္သမားမ်ားႏွင့္ အျခားႏိုင္ငံမ်ားအတြက္ မွန္ကန္ေသာစစ္ေဆးၿပီး Demand Letter ျဖင့္ သက္ဆိုင္ရာႏိုင္ငံအလိုက္ အလုပ္သမားမ်ားေစလႊတ္ၿပီးမွသာ Demand Letter အသစ္တင္ျပျခင္းကို ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္းေဖာ္ျပထားရွိပါတယ္။

ထို႔ျပင္ ဇန္နဝါရီလ ၃၀ ရက္ေနာက္ပိုင္း အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနသို႔ တင္ျပခဲ့သည့္ Demand Letter မ်ားကိုလည္း ေအဂ်င္စီမ်ားအေနနဲ႔ တင္ျပရမည့္ ကန႔္သတ္လူဦးေရစာရင္းကို ထပ္မံအေၾကာင္းၾကားသြားမည္ ျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း (MOEAA)က ထုတ္ျပန္ထားရွိကာ ေအဂ်င္စီမ်ားမွ ႏိုင္ငံအလိုက္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ OWIC ျပဳလုပ္ၿပီးပါက ျပည္ပသို႔ ေစလႊတ္ခြင့္ျပဳေရး လိုက္နာေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္းကိုလည္း ထည့္သြင္းေဖာ္ျပထားပါတယ္။


စာချုပ်ချုပ်ဆိုပြီး အလုပ်သမားများကို စေလွှတ်ပြီးမှသာ နောက်ထပ်အလုပ်ခေါ်စာအသစ် တင်ခွင့်ပြုမည်
=============================
ပြည်ပနိုင်ငံများသို့ အလုပ်သမားပို့ဆောင်ပေးနေသော ဝန်ဆောင်မှုအေဂျင်စီများအနေဖြင့် စာချူပ်ချုပ်ဆိုပြီး အလုပ်သမားများကို စေလွှတ်ပြီးမှသာ နောက်ထပ်အလုပ်ခေါ်စာများကို ထပ်မံတင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)က သိထုတ်ပြန်ကြေညာထားပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေနဲ့ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခွင့် တင်ပြရာတွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ထိုင်းနိုင်ငံအတွက် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပြီးသည့် အလုပ်သမားများနှင့် အခြားနိုင်ငံများအတွက် မှန်ကန်သောစစ်ဆေးပြီး Demand Letter ဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် အလုပ်သမားများစေလွှတ်ပြီးမှသာ Demand Letter အသစ်တင်ပြခြင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်းဖော်ပြထားရှိပါတယ်။

ထို့ပြင် ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခဲ့သည့် Demand Letter များကိုလည်း အေဂျင်စီများအနေနဲ့ တင်ပြရမည့် ကန့်သတ်လူဦးရေစာရင်းကို ထပ်မံအကြောင်းကြားသွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)က ထုတ်ပြန်ထားရှိကာ အေဂျင်စီများမှ နိုင်ငံအလိုက် စေလွှတ်မည့် အလုပ်သမားများအတွက် OWIC ပြုလုပ်ပြီးပါက ပြည်ပသို့ စေလွှတ်ခွင့်ပြုရေး လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။