ဂ်ိဳးဘိုင္ဒင္အစိုးရက အသက္ ၁ဝဝ ေက်ာ္အ႐ြယ္ ေသဆုံးသူသုံးသန္းေက်ာ္အား ေခ်းေငြ ေဒၚလာ ၃၃၃ သန္း ထုတ္ေပးခဲ့ေၾကာင္းေတြ႕ရွိဟုဆို

ဂ်ိဳးဘိုင္ဒင္ဦးေဆာင္သည့္ ယခင္အေမရိကန္အစိုးရသည္ အသက္ ၁၀၀ ေက်ာ္အ႐ြယ္ ေသဆုံးသူ သုံးသန္း ေက်ာ္အား ေဒၚလာ ၃၃၃ သန္းကို ေခ်းေငြအျဖစ္ထုတ္ေပးခဲ့သည္ဟု အီလြန္မက္ ဦးေဆာင္သည့္ အေမရိကန္အစိုးရ စြမ္းေဆာင္ရည္ဌာနက မတ္လ ၁၈ ရက္တြင္ ထုတ္ျပန္သည္။

အေမရိကန္လူမႈဖူလုံေရးအာဏာပိုင္အဖြဲ႕သည္ ယခင္အစိုးရက အေကာင္အထည္ေဖာ္ေဆာင္ခဲ့သည့္ လူမႈဖူလုံေရးဆိုင္ရာေခ်းေငြမွတ္တမ္းမ်ားကို ျပန္လည္ စိစစ္ခဲ့ရာမွ အသက္ ၁၂ဝ ေက်ာ္အ႐ြယ္ ေခ်းေငြစာရင္းဖြင့္ထားသူ ၃ ဒသမ ၂ သန္း ေက်ာ္အား ဂ်ိဳးဘိုင္ဒင္အစိုးရက ေခ်းေငြမ်ား ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္းကို ေဖာ္ထုတ္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဂ်ိဳးဘိုင္ဒင္လက္ထက္ အေမရိကန္ အာဏာပိုင္အဖြဲ႕သည္ ၎အသက္ ၁၂ဝ ေက်ာ္အ႐ြယ္ လူပုဂၢိဳလ္မ်ား အား အသက္ရွင္ ေနသူမ်ားအျဖစ္ လူမႈဖူလုံေရးမွတ္တမ္း တြင္ေရးသြင္းထားၿပီး ေခ်းေငြအျဖစ္ ေဒၚလာ ၃၃၃ သန္း ကို ထုတ္ေပးျခင္း ျဖစ္သည္။

ေခ်းေငြေပးအပ္ခံရသူမ်ားအနက္ တစ္ဦး မွာ အသက္ ၁၅၇ ႏွစ္အ႐ြယ္ ေသဆုံးသူ အမ်ိဳးသားသက္ႀကီး႐ြယ္အိုတစ္ဦးပါဝင္ၿပီး ၎အား အာဏာပိုင္မ်ားက ေခ်းေငြအျဖစ္ ေဒၚလာ ၃၆,၀၀၀ ေပးအပ္ခဲ့ ေၾကာင္း အေမရိကန္အစိုးရ စြမ္းေဆာင္ရည္ဌာနက ေဖာ္ထုတ္ေတြ႕ရွိခဲ့သည္။

အစိုးရ၏အခြန္ဘ႑ာမ်ားအနက္မွ ေဒၚလာသန္းေပါင္းမ်ားစြာအား အသက္ ၁၀၀ ေက်ာ္ ေသဆုံးသူမ်ားအား ေပးအပ္ခဲ့ျခင္းအေပၚ ေဒါသျဖစ္ရသည္ဟု သမၼတေဒၚနယ္ထရမ့္က အေစာပိုင္းတြင္ ေျပာၾကားခဲ့ၿပီး ထိုသို႔လုပ္ေဆာင္မႈမ်ားသည္ ယခင္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္လက္ထက္မွ ႂကြင္းက်န္သည့္ လိမ္ညာမႈတစ္ရပ္ျဖစ္သည္ဟု ၎က ေဖာ္ျပခဲ့သည္။

အဆိုပါ အသက္ ၁၀၀ ေက်ာ္ ေသဆုံးသူလူပုဂၢိဳလ္မ်ားအား ယခုအခါ ေသဆုံးသူမ်ားအျဖစ္ လူမႈဖူလုံေရးမွတ္တမ္းတြင္ ေရးသြင္းခဲ့ၿပီး ျဖစ္ေၾကာင္း Ivt ၏ေဖာ္ျပခ်က္အရ သိရသည္။


ဂျိုးဘိုင်ဒင်အစိုးရက အသက် ၁ဝဝ ကျော်အရွယ် သေဆုံးသူသုံးသန်းကျော်အား ချေးငွေ ဒေါ်လာ ၃၃၃ သန်း ထုတ်ပေးခဲ့ကြောင်းတွေ့ရှိဟုဆို
==========================
ဂျိုးဘိုင်ဒင်ဦးဆောင်သည့် ယခင်အမေရိကန်အစိုးရသည် အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူ သုံးသန်း ကျော်အား ဒေါ်လာ ၃၃၃ သန်းကို ချေးငွေအဖြစ်ထုတ်ပေးခဲ့သည်ဟု အီလွန်မက် ဦးဆောင်သည့် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်လူမှုဖူလုံရေးအာဏာပိုင်အဖွဲ့သည် ယခင်အစိုးရက အကောင်အထည်ဖော်ဆောင်ခဲ့သည့် လူမှုဖူလုံရေးဆိုင်ရာချေးငွေမှတ်တမ်းများကို ပြန်လည် စိစစ်ခဲ့ရာမှ အသက် ၁၂ဝ ကျော်အရွယ် ချေးငွေစာရင်းဖွင့်ထားသူ ၃ ဒသမ ၂ သန်း ကျော်အား ဂျိုးဘိုင်ဒင်အစိုးရက ချေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန် အာဏာပိုင်အဖွဲ့သည် ၎င်းအသက် ၁၂ဝ ကျော်အရွယ် လူပုဂ္ဂိုလ်များ အား အသက်ရှင် နေသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်း တွင်ရေးသွင်းထားပြီး ချေးငွေအဖြစ် ဒေါ်လာ ၃၃၃ သန်း ကို ထုတ်ပေးခြင်း ဖြစ်သည်။

ချေးငွေပေးအပ်ခံရသူများအနက် တစ်ဦး မှာ အသက် ၁၅၇ နှစ်အရွယ် သေဆုံးသူ အမျိုးသားသက်ကြီးရွယ်အိုတစ်ဦးပါဝင်ပြီး ၎င်းအား အာဏာပိုင်များက ချေးငွေအဖြစ် ဒေါ်လာ ၃၆,၀၀၀ ပေးအပ်ခဲ့ ကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်။

အစိုးရ၏အခွန်ဘဏ္ဍာများအနက်မှ ဒေါ်လာသန်းပေါင်းများစွာအား အသက် ၁၀၀ ကျော် သေဆုံးသူများအား ပေးအပ်ခဲ့ခြင်းအပေါ် ဒေါသဖြစ်ရသည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်မှုများသည် ယခင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှ ကြွင်းကျန်သည့် လိမ်ညာမှုတစ်ရပ်ဖြစ်သည်ဟု ၎င်းက ဖော်ပြခဲ့သည်။

အဆိုပါ အသက် ၁၀၀ ကျော် သေဆုံးသူလူပုဂ္ဂိုလ်များအား ယခုအခါ သေဆုံးသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်းတွင် ရေးသွင်းခဲ့ပြီး ဖြစ်ကြောင်း Ivt ၏ဖော်ပြချက်အရ သိရသည်။