MFF Women Futsal League 2025 ၿပိဳင္ပြဲ က်င္းပမည္
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဖူဆယ္ႏွင့္ သဲေသာင္ျပင္ ေကာ္မတီ အေနျဖင့္ MFF Women Futsal League 2025 ၿပိဳင္ပြဲကို ဧၿပီလ ေနာက္ဆုံးအပတ္တြင္ စတင္က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အနာဂတ္တြင္ အမ်ိဳးသမီး ဖူဆယ္ေဘာလုံးေလာက တိုးတက္ျမင့္မားေရးႏွင့္ လာမည့္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ေအာင္ျမင္မႈ ရရွိေစရန္ အဆိုပါၿပိဳင္ပြဲကို က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
MFF Women Futsal League 2025 ၿပိဳင္ပြဲကို အသင္းေပါင္း (၁၀) သင္းျဖင့္ က်င္းပသြားမည္ျဖစ္ၿပီး ႏွစ္ေက်ာ့စနစ္ျဖင့္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္သည္။
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဖူဆယ္ႏွင့္သဲေသာင္ျပင္ ေကာ္မတီ အေနျဖင့္ ၿပိဳင္ပြဲဝင္ အသင္းမ်ားကို သင့္တင့္ေလွ်ာက္ပတ္ေသာ ေထာက္ပံ့ေၾကးမ်ား ေပးအပ္သြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္လိုသည့္ အသင္းမ်ားအေနျဖင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဖူဆယ္ႏွင့္ သဲေသာင္ျပင္ ဌာနသို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ စာရင္းေပးသြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
MFF Women Futsal League 2025 ပြိုင်ပွဲ ကျင်းပမည်
====================
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ အနေဖြင့် MFF Women Futsal League 2025 ပြိုင်ပွဲကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အနာဂတ်တွင် အမျိုးသမီး ဖူဆယ်ဘောလုံးလောက တိုးတက်မြင့်မားရေးနှင့် လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန် အဆိုပါပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
MFF Women Futsal League 2025 ပြိုင်ပွဲကို အသင်းပေါင်း (၁၀) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီ အနေဖြင့် ပြိုင်ပွဲဝင် အသင်းများကို သင့်တင့်လျှောက်ပတ်သော ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသည့် အသင်းများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဌာနသို့ ရုံးချိန်အတွင်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။