ျမန္မာႏိုင္ငံ ရန္ကုန္တိုင္းေဒသႀကီးတြင္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ေငြက်ပ္ ၉၆ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ျမန္မာႏိုင္ငံ ရန္ကုန္တိုင္းေဒသႀကီးတြင္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ေငြက်ပ္ ၉၆ ဘီလီယံေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၃ တန္ေက်ာ္၊ ကက္တမင္း ၂၀၀ ကီလိုဂရမ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC MYANMAR က ထုတ္ျပန္ေသာ သတင္းအရသိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ဂိုေဒါင္တစ္လုံးအား မတ္ ၆ ရက္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဝင္ေရာက္ရွာေဖြရာ ICE (စိတ္ႂကြေဆးျပား) ၁ . ၂ တန္ႏွင့္အတူ အမ်ိဳးသား ငါးဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တစ္စီးအား ရွာေဖြရာအိုက္စ္ ၁.၂၆၅ တန္ႏွင့္ ကက္တမင္း ၂၀၀ ကီလိုဂရမ္ ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း၊
အဆိုပါေန႔တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္း အိုက္စ္တစ္တန္ ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိေသာမူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္မွ မေလးရွားေရပိုင္နက္သို႔ ပို႔ေဆာင္ရန္ ရည္႐ြယ္ထားေၾကာင္း စုံစမ္းစစ္ေဆးမႈမ်ားအရ သိရသည္။
ယင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမ်ား၏ တန္ဖိုးသည္ ခန႔္မွန္းေျခအားျဖင့္ က်ပ္ ၉၆.၆၂၅ ဘီလီယံ ရွိေၾကာင္း သိရသည္။
ယင္းဖမ္းဆီးရမိေသာ မႈးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္ၿပီး ဆက္စပ္တရားခံ စုစုေပါင္း ၁၄ ဦးကို ဖမ္းဆီးထားေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသူမ်ားကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေး၀ါးများနှင့်အတူ ဖမ်းဆီးရမိ
========================================
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဂိုဒေါင်တစ်လုံးအား မတ် ၆ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ICE (စိတ်ကြွဆေးပြား) ၁ . ၂ တန်နှင့်အတူ အမျိုးသား ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာအိုက်စ် ၁.၂၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊
အဆိုပါနေ့တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း အိုက်စ်တစ်တန် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
ယင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် ကျပ် ၉၆.၆၂၅ ဘီလီယံ ရှိကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိသော မှုးယစ်ဆေး၀ါးများနှင့် ပတ်သက်ပြီး ဆက်စပ်တရားခံ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မူးယစ်ဆေး၀ါးများနှင့် အတူ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။