လေပၚမွာ ပထမဆုံး 4G ကြန္ရက္ကို တည္ေဆာက္လိုက္တဲ့ Nokia

ကမာၻႀကီးဟာ စစ္ပြဲေၾကာင့္၊ ရာသီဥတုေၾကာင့္၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ အနာဂတ္မွာ ပ်က္ဆီးသြားႏိုင္တယ္လို႔ ပညာရွင္တခ်ိဳ႕က ယူဆထားၾကပါတယ္။ အဲဒီအတြက္ လ အပါအဝင္ တျခားၿဂိဳလ္ေတြမွာ လူသားေတြ အေျခခ်ေနထိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။
တျခားၿဂိဳလ္ေတြမွာ လူသားေတြ အေျခခ်ရင္ ဆက္သြယ္ေရးဟာ မရွိမျဖစ္လိုအပ္လာမွာ ျဖစ္ပါတယ္။ အခုေတာ့ Nokia က လမွာ ပထမဆုံး 4G ကြန္ရက္ကို တည္ေဆာက္လိုက္ပါတယ္။ Nokia ဟာ သမိုင္းမွတ္တိုင္ တစ္ခု စိုက္ထူႏိုင္လိုက္တာ ျဖစ္ပါတယ္။
Nokia က ဒီစီမံကိန္းကို Intuitive Machine IM-2 လို႔ အမည္ေပးထားၿပီး နာဆာနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ Nokia ရဲ႕ Lunar Surface Communication System ကို Athena Lander က လေပၚကို သယ္ေဆာင္သြားတာ ျဖစ္ပါတယ္။
Nokia က လ ေပၚကေန ကမာၻကို ဖုန္းေခၚဆိုမႈ ျပဳလုပ္ဖို႔ စီစဥ္ထားေပမယ့္ အာကာသယာဥ္ဟာ လေပၚကို ဆင္းသက္စဥ္မွာ မေတာ္တဆမႈ ျဖစ္ပြားခဲ့ၿပီး Solar Panel ကေန ေနေရာင္ျခည္စြမ္းအင္ ရရွိမႈ အကန႔္အသတ္ျဖစ္သြားခဲ့သလို ဖုန္း ေခၚဆိုလို႔ မရေတာ့ပါဘူး။ အနာဂတ္မွာ Nokia က ဖုန္းေခၚႏိုင္ေအာင္ စီစဥ္ထားပါတယ္။
Ref : Tech Explorers #DigitalTimes


လပေါ်မှာ ပထမဆုံး 4G ကွန်ရက်ကို တည်ဆောက်လိုက်တဲ့ Nokia
=====================================
ကမ္ဘာကြီးဟာ စစ်ပွဲကြောင့်၊ ရာသီဥတုကြောင့်၊ သဘာဝဘေးအန္တရာယ်ကြောင့် အနာဂတ်မှာ ပျက်ဆီးသွားနိုင်တယ်လို့ ပညာရှင်တချို့က ယူဆထားကြပါတယ်။ အဲဒီအတွက် လ အပါအဝင် တခြားဂြိုလ်တွေမှာ လူသားတွေ အခြေချနေထိုင်ဖို့ ကြိုးစားနေကြပါတယ်။
တခြားဂြိုလ်တွေမှာ လူသားတွေ အခြေချရင် ဆက်သွယ်ရေးဟာ မရှိမဖြစ်လိုအပ်လာမှာ ဖြစ်ပါတယ်။ အခုတော့ Nokia က လမှာ ပထမဆုံး 4G ကွန်ရက်ကို တည်ဆောက်လိုက်ပါတယ်။ Nokia ဟာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်လိုက်တာ ဖြစ်ပါတယ်။
Nokia က ဒီစီမံကိန်းကို Intuitive Machine IM-2 လို့ အမည်ပေးထားပြီး နာဆာနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Nokia ရဲ့ Lunar Surface Communication System ကို Athena Lander က လပေါ်ကို သယ်ဆောင်သွားတာ ဖြစ်ပါတယ်။
Nokia က လ ပေါ်ကနေ ကမ္ဘာကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်စဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Solar Panel ကနေ နေရောင်ခြည်စွမ်းအင် ရရှိမှု အကန့်အသတ်ဖြစ်သွားခဲ့သလို ဖုန်း ခေါ်ဆိုလို့ မရတော့ပါဘူး။ အနာဂတ်မှာ Nokia က ဖုန်းခေါ်နိုင်အောင် စီစဉ်ထားပါတယ်။
Ref : Tech Explorers #DigitalTimes