ဂ်ပန္ကုမၸဏီ ၄၀၀ ေက်ာ္က ျမန္မာလုပ္သား ၁,၃၀၀ ေက်ာ္ကို ေခၚမည္

ဂ်ပန္ကုမၸဏီ ၄၀၀ ေက်ာ္က ျမန္မာလုပ္သား ၁,၃၀၀ ေက်ာ္ကိုေခၚယူဖို႔အတြက္ အလုပ္ကမ္းလွမ္းစာေတြ ေပးပို႔ထားတယ္လို႔ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ဂ်ပန္ကုမၸဏီ ၄၀၀ ေက်ာ္က ျမန္မာ အလုပ္သမား အမ်ိဳးသား ၃၅၁ ေယာက္၊ အမ်ိဳးသမီး ၁,၀၁၂ ေယာက္ စုစုေပါင္း ၁,၃၆၃ ေယာက္ကို ေခၚယူသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနနဲ႔ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနက ေပးပို႔လာတဲ့ အလုပ္ကမ္းလွမ္းစာေတြကို စိစစ္ေဆာင္႐ြက္ေပး ေနတယ္လို႔ သိရပါတယ္။

အခုလိုေဆာင္႐ြက္ရာမွာ ဂ်ပန္ႏိုင္ငံက အလုပ္သမားႀကီးၾကပ္ေရးကုမၸဏီနဲ႔ အလုပ္ေခၚယူတဲ့ စက္႐ုံ၊ ကုမၸဏီေတြဟာ ဂ်ပန္ႏိုင္ငံမွာ တရားဝင္ တည္ေထာင္ထားတာ ရွိမရွိနဲ႔ စာ႐ြက္စာတမ္းအေထာက္အထားေတြ စိစစ္ၿပီးေတြ႕ရွိရတဲ့ စိစစ္ေတြ႕ရွိခ်က္ေတြ၊ သေဘာထားမွတ္ခ်က္ေတြကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနကတစ္ဆင့္ အလုပ္သမားဝန္ႀကီး ဌာနကို ျပန္လည္ေပးပို႔ ေနတယ္လို႔လည္း သိရပါတယ္။


ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သား ၁,၃၀၀ ကျော်ကို ခေါ်မည်
=====================
ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သား ၁,၃၀၀ ကျော်ကိုခေါ်ယူဖို့အတွက် အလုပ်ကမ်းလှမ်းစာတွေ ပေးပို့ထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ အလုပ်သမား အမျိုးသား ၃၅၁ ယောက်၊ အမျိုးသမီး ၁,၀၁၂ ယောက် စုစုပေါင်း ၁,၃၆၃ ယောက်ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။

အခုလိုဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိမရှိနဲ့ စာရွက်စာတမ်းအထောက်အထားတွေ စိစစ်ပြီးတွေ့ရှိရတဲ့ စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီး ဌာနကို ပြန်လည်ပေးပို့ နေတယ်လို့လည်း သိရပါတယ်။