




အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားတဲ့ မက်ဆီ
=================
ဒဏ်ရာပြဿနာရှိနေတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားမည့် လက်ရွေးစင် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။

မက်ဆီဟာ ယခုရာသီတွင် အင်တာမိုင်ယာမီအတွက် ငါးပွဲကစား လေးဂိုး သွင်းယူထားပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ၎င်း၏ အာဂျင်တီးနားအသင်းဟာ မတ် ၂၂ ရက်မှာ ဥရုဂွေးနဲ့ အဝေးကွင်းပွဲစဉ်၊ မတ် ၂၆ ရက်မှာ ဘရာဇီးနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။