သီလဝါအိမ္ရာႏွင့္ ကေနာင္အိမ္ရာမွာ ယာယီေနထိုင္ခြင့္ထုတ္ေပးမည္

သီလဝါအိမ္ရာႏွင့္ ကေနာင္အိမ္ရာတို႔တြင္ အိမ္ရာေခ်းေငြလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း အစီအစဥ္နဲ႔ ေရာင္းခ်ခဲ့ေသာ အခန္းမ်ားကို ယာယီေနထိုင္ခြင့္ ထုတ္ေပးသြားမယ္လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန အသိေပး ေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္ ဇြန္လ ၂၁ ရက္မွာ အဆိုပါအိမ္ရာရွိ အခန္းမ်ားကို ဌာနသို႔ အမည္စာရင္းေပးပို႔ထားၿပီး ျဖစ္ကာ အခန္းဝယ္ယူခြင့္ရရွိထားသူမ်ားကို ယာယီေနထိုင္ခြင့္ျပဳေပးသြားမွာ ျဖစ္ပါတယ္။

ယာယီေနထိုင္ခြင့္ အေၾကာင္းၾကားစာ ထုတ္ေပးျခင္းကို ၂၀၂၅ ခုႏွစ္ မတ္လ ၂၀ ရက္မွ လကုန္ရက္အထိ ႐ုံးခ်ိန္အတြင္း ရန္ကုန္တိုင္း ေဒသႀကီး၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန (အမွတ္၂၂၈/၂၃၄၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္)မွာေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါတယ္။

အဆိုပါ ယာယီေနထိုင္ခြင့္ အေၾကာင္းၾကားစာ ထုတ္ယူမယ့္သူမ်ားအေနနဲ႔ ကိုယ္တိုင္ထုတ္ယူမည္ဆိုပါက မွတ္ပုံတင္မူရင္းႏွင့္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴတို႔ျဖင့္လည္းေကာင္း၊ ကိုယ္စား ထုတ္ယူမည္ဆိုပါက ကိုယ္စားလွယ္ လႊဲစာမူရင္း၊ ကာယကံရွင္ႏွင့္ ကိုယ္စားလွယ္၏ မွတ္ပုံတင္မူရင္းႏွင့္မိတၱဴ၊ သန္းေခါင္စာရင္း မိတၱဴတို႔နဲ႔ လည္းေကာင္း တင္ျပကာ ထုတ္ယူရမည္ ျဖစ္ပါတယ္။

အခန္းဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ ေခ်းေငြႏွင့္ပတ္သက္ေသာ လုပ္ငန္းမ်ားကို CHID Bank ႏွင့္ ၿပီးျပတ္ေအာင္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ယာယီေနထိုင္ခြင့္ႏွင့္စပ္လ်ဥ္း၍အေသးစိတ္ စုံစမ္းေမးျမန္းလိုပါက ၀၉-၉၈၃၉၃၀၈၈၁ ၊ ၀၉-၄၂၁ ၇၂၁၀၃၃ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း အသိေပးထားပါတယ္။


သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာမှာ ယာယီနေထိုင်ခွင့်ထုတ်ပေးမည်
===============
သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့တွင် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်နဲ့ ရောင်းချခဲ့သော အခန်းများကို ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အသိပေး ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှာ အဆိုပါအိမ်ရာရှိ အခန်းများကို ဌာနသို့ အမည်စာရင်းပေးပို့ထားပြီး ဖြစ်ကာ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ယာယီနေထိုင်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးခြင်းကို ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်မှ လကုန်ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)မှာဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

အဆိုပါ ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ယူမယ့်သူများအနေနဲ့ ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်လည်းကောင်း၊ ကိုယ်စား ထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ် လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့နဲ့ လည်းကောင်း တင်ပြကာ ထုတ်ယူရမည် ဖြစ်ပါတယ်။

အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် ချေးငွေနှင့်ပတ်သက်သော လုပ်ငန်းများကို CHID Bank နှင့် ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယာယီနေထိုင်ခွင့်နှင့်စပ်လျဉ်း၍အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ၀၉-၉၈၃၉၃၀၈၈၁ ၊ ၀၉-၄၂၁ ၇၂၁၀၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။