ဂါဇာကမ္းေျမႇာင္တြင္ အစၥေရး၏တိုက္ခိုက္မႈေၾကာင့္ တစ္ညတည္း လူ ၂၀၀ ေက်ာ္ေသဆုံး

ဂါဇာကမ္းေျမႇာင္ေဒသတြင္ အစၥေရးေလတပ္၏တိုက္ခိုက္မႈေၾကာင့္ တစ္ညတည္း လူ ၂၂၀ ထပ္မနည္းေသဆုံးခဲ့ေၾကာင္းသိရသည္။

အစၥေရးအစိုးရ၏ထုတ္ျပန္ခ်က္အရ တိုက္ခိုက္မႈတြင္ ပါလက္စတိုင္းလက္ေထာက္ျပည္ထဲေရးဝန္ႀကီးႏွင့္ လုံၿခဳံေရးအရာရွိအခ်ိဳ႕ေသဆုံးခဲ့ေၾကာင္းသိရသည္။

အဆိုပါတိုက္ခိုက္မႈသည္ အစၥေရးႏွင့္ ဟားမတ္စ္တို႔အၾကား အပစ္အခတ္ရက္စဲေရးသေဘာတူညီမႈရယူၿပီးေနာက္ အႀကီးမားဆုံးတိုက္ခိုက္မႈျဖစ္သည္။

အစၥေရးေလတပ္မွ တိုက္ေလယာဥ္အစီး ၂၀ ေက်ာ္သည္ ဂါဇာေဒသ ရာဖာႏွင့္ ခန္းယူနစ္ၿမိဳ႕မ်ားရွိ ပစ္မွတ္မ်ားအား ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ဟားမတ္စ္အဖြဲ႕အေနျဖင့္ အစၥေရးမွေတာင္းဆိုေသာ ဓားစားခံလႊတ္ေပးေရးအား ထပ္ခါတလဲလဲျငင္းဆိုမႈႏွင့္ ၾကားဝင္ေစ့စပ္သူမ်ား၏ အဆိုျပဳခ်က္မ်ားအား ပယ္ခ်ခဲ့ေသာေၾကာင့္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ယာဟုမွ တိုက္ခိုက္ရန္ အမိန႔္ေပးခဲ့ေၾကာင္း အစၥေရးအစိုးရ႐ုံးက ထုတ္ျပန္ထားသည္။

စစ္ပြဲကာလတစ္ေလွ်ာက္ အစၥေရးစစ္တပ္တိုက္ခိုက္မႈေၾကာင့္ ပါလက္စတိုင္းျပည္သူ ၄ ေသာင္းေက်ာ္ေသဆုံးခဲ့ၿပီး ဂါဇာကမ္းေျမႇာင္ေဒသမွ အေဆာက္အဦး ၈၀ ရာခိုင္ႏႈန္းခန႔္ ပ်က္စီးခဲ့ေၾကာင္းသိရသည္။


ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၀၀ ကျော်သေဆုံး
======================
ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးလေတပ်၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၂၀ ထပ်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

အစ္စရေးအစိုးရ၏ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွင် ပါလက်စတိုင်းလက်ထောက်ပြည်ထဲရေးဝန်ကြီးနှင့် လုံခြုံရေးအရာရှိအချို့သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရက်စဲရေးသဘောတူညီမှုရယူပြီးနောက် အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သည်။

အစ္စရေးလေတပ်မှ တိုက်လေယာဉ်အစီး ၂၀ ကျော်သည် ဂါဇာဒေသ ရာဖာနှင့် ခန်းယူနစ်မြို့များရှိ ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးမှတောင်းဆိုသော ဓားစားခံလွှတ်ပေးရေးအား ထပ်ခါတလဲလဲငြင်းဆိုမှုနှင့် ကြားဝင်စေ့စပ်သူများ၏ အဆိုပြုချက်များအား ပယ်ချခဲ့သောကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကြောင်း အစ္စရေးအစိုးရရုံးက ထုတ်ပြန်ထားသည်။

စစ်ပွဲကာလတစ်လျှောက် အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော်သေဆုံးခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသမှ အဆောက်အဦး ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်းသိရသည်။