႐ုရွားတပ္ဖြဲ႕ဝင္မ်ား၏ စစ္ဆင္ႏိုင္မႈစြမ္းေဆာင္ရည္က မယုံၾကည္ႏိုင္ေလာက္ေအာင္ ထူးျခားေကာင္းမြန္ဟု ထရမ့္ေျပာ
ကာ့စ္ေဒသတြင္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ား၏ စစ္ဆင္ႏိုင္မႈစြမ္းေဆာင္ရည္သည္ မယုံၾကည္ႏိုင္ေလာက္ေအာင္ ထူးျခားေကာင္းမြန္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားလိုက္သည္။
အေမရိကန္အစိုးရသည္ ယူကရိန္းႏိုင္ငံသို႔ ေငြေၾကးႏွင့္စစ္ေရးအကူအညီ အမ်ားအျပားကို ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ေပးအပ္ခဲ့ေသာ္လည္း ႐ုရွားတပ္ဖြဲ႕ဝင္မ်ားက ကာ့စ္ေဒသတြင္ ယူကရိန္းစစ္သည္ အေျမာက္အျမားအား ဝိုင္းရံပိတ္ဆို႔ထားႏိုင္ျခင္းသည္ ယုံၾကည္ႏိုင္ဖြယ္မရွိဟု ထရမ့္ က မတ္လ ၁၄ ရက္တြင္ တရားေရးဝန္ႀကီးဌာန၌ ေျပာၾကားသည့္ မိန႔္ခြန္းအတြင္း ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။
ထို႔ျပင္ ယခင္အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ အေနျဖင့္လည္း ယူကရိန္းပဋိပကၡကို စတင္ျဖစ္ပြား ေစရန္ ခြင့္မျပဳသင့္ခဲ့ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ႐ုရွားႏိုင္ငံအတြင္းရွိ ကာ့စ္ေဒသအတြင္းသို႔ ၂၀၂၄ ခုႏွစ္ ဩဂုတ္လတြင္ စတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဆြစ္ဇာၿမိဳ႕ႏွင့္ ေက်း႐ြာ အေျမာက္အျမားကို သိမ္းပိုက္ႏိုင္ခဲ့သည္။
သို႔ေသာ္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားက မတ္လ ၁၂ ရက္ညေနပိုင္းတြင္ အဆိုပါ ကာ့စ္ေဒသရွိ နယ္ေျမ ၈၉ ရာခိုင္ႏႈန္းကို ယူကရိန္းတပ္မ်ားထံမွ ျပန္လည္သိမ္းယူႏိုင္ခဲ့ၿပီး ယင္းေဒသအတြင္းရွိ ယူကရိန္းတပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာအား ဝိုင္းရံပိတ္ဆို႔ထားႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
အေမရိကန္အစိုးရသည္ ကမာၻေပၚတြင္ အေကာင္းဆုံးေသာ လက္နက္ခဲယမ္းမ်ားအား ယူကရိန္းသို႔ ေထာက္ပံ့ ေပးခဲ့ေသာ္လည္း ယူကရိန္းစစ္သည္အမ်ားအျပားအား သီးျခားျဖတ္ေတာက္၍ ဝိုင္းရံပိတ္ဆို႔ႏိုင္သည့္ ႐ုရွားတပ္ဖြဲ႕ဝင္ မ်ား၏ စစ္ဆင္ႏိုင္မႈစြမ္းရည္သည္ မယုံၾကည္ႏိုင္ေလာက္ေအာင္ ထူးျခားေကာင္းမြန္မႈရွိေသာေၾကာင့္ ယူကရိန္းႏိုင္ငံ အေနျဖင့္ မိမိတို႔ထက္ အင္အားႀကီးမားသည့္ ႏိုင္ငံတစ္ႏိုင္ငံအား ရမယ္မရွာသင့္ေၾကာင္း ထရမ့္ က ဆက္လက္ ေျပာၾကားထားသည္။
ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်က မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်ဟု ထရမ့်ပြော
========================
ကာ့စ်ဒေသတွင် ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ငွေကြေးနှင့်စစ်ရေးအကူအညီ အများအပြားကို နှစ်ပေါင်းများစွာ ကြာအောင် ပေးအပ်ခဲ့သော်လည်း ရုရှားတပ်ဖွဲ့ဝင်များက ကာ့စ်ဒေသတွင် ယူကရိန်းစစ်သည် အမြောက်အမြားအား ဝိုင်းရံပိတ်ဆို့ထားနိုင်ခြင်းသည် ယုံကြည်နိုင်ဖွယ်မရှိဟု ထရမ့် က မတ်လ ၁၄ ရက်တွင် တရားရေးဝန်ကြီးဌာန၌ ပြောကြားသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ယခင်အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အနေဖြင့်လည်း ယူကရိန်းပဋိပက္ခကို စတင်ဖြစ်ပွား စေရန် ခွင့်မပြုသင့်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံအတွင်းရှိ ကာ့စ်ဒေသအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆွစ်ဇာမြို့နှင့် ကျေးရွာ အမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ရုရှားတပ်ဖွဲ့ဝင်များက မတ်လ ၁၂ ရက်ညနေပိုင်းတွင် အဆိုပါ ကာ့စ်ဒေသရှိ နယ်မြေ ၈၉ ရာခိုင်နှုန်းကို ယူကရိန်းတပ်များထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ယင်းဒေသအတွင်းရှိ ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာအား ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော လက်နက်ခဲယမ်းများအား ယူကရိန်းသို့ ထောက်ပံ့ ပေးခဲ့သော်လည်း ယူကရိန်းစစ်သည်အများအပြားအား သီးခြားဖြတ်တောက်၍ ဝိုင်းရံပိတ်ဆို့နိုင်သည့် ရုရှားတပ်ဖွဲ့ဝင် များ၏ စစ်ဆင်နိုင်မှုစွမ်းရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်မှုရှိသောကြောင့် ယူကရိန်းနိုင်ငံ အနေဖြင့် မိမိတို့ထက် အင်အားကြီးမားသည့် နိုင်ငံတစ်နိုင်ငံအား ရမယ်မရှာသင့်ကြောင်း ထရမ့် က ဆက်လက် ပြောကြားထားသည်။