ျပည္သူမ်ားႏွင့္ ထိေတြ႕ ဆက္ဆံရာတြင္ မိသားစု ေမာင္ႏွမမ်ားအၾကား ရင္ၾကားေစ့ေရးအသြင္ မိသားစု စိတ္ဓါတ္ျဖင့္ ႏွစ္သိမ့္ စည္း႐ုံးေဆာင္႐ြက္ သြားၾကရန္ ရွမ္းျပည္နယ္ေတာင္ပိုင္း ျပည္နယ္ေကာ္မတီဝင္မ်ား ေတြ႕ဆုံ ပြဲ၌ ပါတီ ဒုဥကၠ႒မွာၾကား

ေတာင္ႀကီး မတ္ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းသည္ ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လႈိင္ျမင့္ လိုက္ပါလ်က္ (၁၄.၃.၂၀၂၅)ရက္ေန႔ နံနက္ပိုင္းက ရွမ္းျပည္နယ္(ေတာင္ပိုင္း) ျပည္နယ္ပါတီ႐ုံးအစည္းအ‌ေဝးခန္းမ၌ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ဒုတိယဥကၠ႒မွ လက္ရွိျဖစ္ေပၚေနေသာႏိုင္ငံေရးအေျခအေန ႏွင့္ မိမိတို႔ပါတီ၏ မူဝါဒလမ္းၫြန္ခ်က္ မ်ားျဖစ္သည့္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးသည္ အဓိကရည္မွန္းခ်က္ျဖစ္သည့္အတြက္ ျပည္နယ္ပါတီဥကၠ႒ကိုယ္တိုင္ဦးေဆာင္၍ ၿမိဳ႕နယ္/ရပ္ကြက္/ေက်း႐ြာအဆင့္အထိ ကြင္းဆင္းသြားေရာက္ၿပီး ေတြ႕သင့္ေတြ႕ထိုက္သူမ်ားႏွင့္ ေတြ႕ဆုံ၍ ပကတိအေျခအေနမွန္ကို သုံးသပ္၍တာဝန္ရွိသူ အဆင့္ဆင့္ မွ စနစ္တက် စီမံေဆာင္႐ြက္ရန္ ၊ ျပည့္မ႑ိဳင္စီမံခ်က္ ၊ အစိမ္းေရာင္စီမံခ်က္ ၊ အလႊာလိုက္စည္း႐ုံးေရး ၊ တိက်ေသခ်ာေသာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္​ေရးစီမံ​ခ်က္ လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ ႐ြက္​ေရး၊အစဥ္အလာ​ ေကာင္းသည့္ ျပည္နယ္ျဖစ္၍ တက္ညီလက္ညီ စည္းလုံးညီၫြတ္စြာပါတီ​ေအာင္ႏိုင္​ေရးလုပ္ငန္းမ်ား​ေဆာင္႐ြက္​ေရးတို႔ကို အက်ယ္တဝင့္ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လႈိင္ျမင့္မွလည္း ပါတီစည္းကမ္းထိန္းသိမ္းေရး ႏွင့္ပတ္သက္၍ လုပ္ငန္းစဥ္မ်ား၊ျဖစ္စဥ္အေၾကာင္းအရာမ်ားအား ရွင္းလင္းတင္ျပေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍ တက္​ေရာက္လာၾကသည့္ျပည္နယ္​ေကာ္မတီမ်ားက မိမိတို႔တာဝန္ယူထားၾကသည့္ ​ေရးရာက႑ႏွင့္ခ႐ိုင္အလိုက္ရွိၿမိဳ႕နယ္မ်ား၏အ​ေျခအ​ေနမ်ားကိုတင္ျပ ၾကပါသည္။
ထိုေနာက္ျပည္နယ္ပါတီဥကၠ႒ကျဖည့္စြက္ေဆြးေႏြး ခဲ့ၿပီး ပါတီဗဟို ဒုတိယဥကၠဌ ဦးလွထြန္းမွ တင္ျပခ်က္မ်ားႏွင့္ပါတီလုပ္ငန္းစဥ္မ်ား အေပၚ ေပါင္းစပ္ညႇိႏႈိင္း ေျဖရွင္းေဆာင္႐ြက္ေပးခဲ့ပါသည္။
ဆက္လက္၍ ပါတီ ဒုတိယဥကၠ႒ မွ နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာတြင္ ယေန႔ႏိုင္ငံေရး အခင္းအက်င္းမွာ မိသားစု ၊ေမာင္ႏွမသားခ်င္းမ်ား စိတ္ဝမ္းကြဲသည္အထိ ျပင္းထန္ ဆိုး႐ြားခဲ့ ေၾကာင္း ၊ မိမိတို႔ပါတီဝင္မ်ားမွ လည္း ျပည္သူမ်ားႏွင့္ ထိေတြ႕ ဆက္ဆံရာတြင္ မိသားစု ေမာင္ႏွမမ်ားအၾကား ရင္ၾကားေစ့ေရးအသြင္ မိသားစု စိတ္ဓါတ္ျဖင့္ ႏွစ္သိမ့္ စည္း႐ုံးေဆာင္႐ြက္ သြားရန္လို ေၾကာင္း၊ အေျခခံေကာင္းႏွင့္ အစဥ္အလာရွိခဲ့သည့္ ျပည္နယ္ျဖစ္သည့္အတြက္ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ဖို႔ အရွိန္အဟုန္ျမႇင့္ ၍ စည္း႐ုံးေဆာင္႐ြက္သြားၾကရန္ မွာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲအား ေန႔လည္ပိုင္းတြင္ ႐ုပ္သိမ္း ခဲ့ပါသည္။


ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရာတွင် မိသားစု မောင်နှမများအကြား ရင်ကြားစေ့ရေးအသွင် မိသားစု စိတ်ဓါတ်ဖြင့် နှစ်သိမ့် စည်းရုံးဆောင်ရွက် သွားကြရန် ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကော်မတီဝင်များ တွေ့ဆုံ ပွဲ၌ ပါတီ ဒုဥက္ကဋ္ဌမှာကြား
=======================
တောင်ကြီး မတ် ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် လိုက်ပါလျက် (၁၄.၃.၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပါတီရုံးအစည်းအ‌ဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌမှ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေ နှင့် မိမိတို့ပါတီ၏ မူဝါဒလမ်းညွန်ချက် များဖြစ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေးသည် အဓိကရည်မှန်းချက်ဖြစ်သည့်အတွက် ပြည်နယ်ပါတီဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်၍ မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်အထိ ကွင်းဆင်းသွားရောက်ပြီး တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံ၍ ပကတိအခြေအနေမှန်ကို သုံးသပ်၍တာဝန်ရှိသူ အဆင့်ဆင့် မှ စနစ်တကျ စီမံဆောင်ရွက်ရန် ၊ ပြည့်မဏ္ဍိုင်စီမံချက် ၊ အစိမ်းရောင်စီမံချက် ၊ အလွှာလိုက်စည်းရုံးရေး ၊ တိကျသေချာသော ရွေးကောက်ပွဲ အောင်နိုင်​ရေးစီမံ​ချက် လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်​ရေး၊အစဥ်အလာ​ ကောင်းသည့် ပြည်နယ်ဖြစ်၍ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာပါတီ​အောင်နိုင်​ရေးလုပ်ငန်းများ​ဆောင်ရွက်​ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။
ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်မှလည်း ပါတီစည်းကမ်းထိန်းသိမ်းရေး နှင့်ပတ်သက်၍ လုပ်ငန်းစဉ်များ၊ဖြစ်စဉ်အကြောင်းအရာများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်​ရောက်လာကြသည့်ပြည်နယ်​ကော်မတီများက မိမိတို့တာဝန်ယူထားကြသည့် ​ရေးရာကဏ္ဍနှင့်ခရိုင်အလိုက်ရှိမြို့နယ်များ၏အ​ခြေအ​နေများကိုတင်ပြ ကြပါသည်။
ထိုနောက်ပြည်နယ်ပါတီဥက္ကဋ္ဌကဖြည့်စွက်ဆွေးနွေး ခဲ့ပြီး ပါတီဗဟို ဒုတိယဥက္ကဌ ဦးလှထွန်းမှ တင်ပြချက်များနှင့်ပါတီလုပ်ငန်းစဉ်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပါတီ ဒုတိယဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံရေး အခင်းအကျင်းမှာ မိသားစု ၊မောင်နှမသားချင်းများ စိတ်ဝမ်းကွဲသည်အထိ ပြင်းထန် ဆိုးရွားခဲ့ ကြောင်း ၊ မိမိတို့ပါတီဝင်များမှ လည်း ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရာတွင် မိသားစု မောင်နှမများအကြား ရင်ကြားစေ့ရေးအသွင် မိသားစု စိတ်ဓါတ်ဖြင့် နှစ်သိမ့် စည်းရုံးဆောင်ရွက် သွားရန်လို ကြောင်း၊ အခြေခံကောင်းနှင့် အစဉ်အလာရှိခဲ့သည့် ပြည်နယ်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်နိုင်ဖို့ အရှိန်အဟုန်မြှင့် ၍ စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး တွေ့ဆုံပွဲအား နေ့လည်ပိုင်းတွင် ရုပ်သိမ်း ခဲ့ပါသည်။