
ပျဉ်းမနား မတ် ၁၃


အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မြစေတီဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိအား ကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တက်ရောက်ကြည်ညိုပူဇော်လှူဒါန်း
=================================
ပျဥ်းမနား မတ် ၁၃
နိုင်ငံတော်မှဆက်ကပ်လှူဒါန်းသော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မြစေတီ ဆရာတော်ကြီးဘဒ္ဒန္တဝိမလဗုဒ္ဓိအား ကြိုဆိုဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို (၁၃-၃-၂၀၂၅)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ပျဥ်းမနားမြို့၊ မဟာဗျူဟာသာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ကြိုဆိုဂုဏ်ပြုပူဇော်ပွဲသို့ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် (၄)ခရိုင်၊(၈)မြို့နယ်မှ သံဃာတော်များ၊ သီလရှင်များ၊ဒါယိကာ၊ဒါယိကာမများနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ဗဟိုအလုပ်အမှုဆောင်၊လူငယ်ရေး ရာတာဝန်ခံဒေါ်သိင်္ဂီဝင်းရွှေနှင့်ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်ဦးစီးရုံးဝန်းထမ်းများတက်ရောက်ကြည်ညို ပူဇော်ပြီးလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ဌာနမှူးဦးဇော်လွင်ခိုင်ဦးဆောင်သော ဦးစီးရုံးဝန်ထမ်းများ လုပ်အားဒါနကုသိုလ်ပြု ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။