ဂ်ဴဗင္တပ္အသင္းနည္းျပေဟာင္း အယ္လီဂရီ ကို နည္းျပသစ္ခန႔္အပ္ရန္ ေအစီမီလန္အသင္းျပင္ဆင္

ေအစီမီလန္အသင္းက ယခုႏွစ္ ေဘာလုံးရာသီအကုန္တြင္ ဥေရာပဝင္ခြင့္ႏွင့္ လြဲေခ်ာ္ဖြယ္ရွိေနတဲ့အတြက္ နည္းျပအေျပာင္းအလဲလုပ္ေဆာင္ရန္ ျပင္ဆင္ေနၿပီး နည္းျပသစ္အျဖစ္ ေရပန္းစားမႈတြင္ ဂ်ဴဗင္တပ္အသင္းနည္းျပ ေဟာင္း အယ္လီဂရီ လည္း ပါဝင္လ်က္ရွိေၾကာင္း သိရပါတယ္။

ေအစီမီလန္အသင္းက ယခုႏွစ္ေဘာလုံးရာသီအစတြင္ နည္းျပသစ္အျဖစ္ ဖြန္ဆီကာ ကို ခန႔္အပ္ခဲ့ေသာ္လည္း အသင္းအေနျဖင့္ ရလဒ္မ်ားဆိုး႐ြားခဲ့တဲ့အတြက္ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလမွာ နည္းျပ ဖြန္ဆီကာ နဲ႔လမ္းခြဲခဲ့ၿပီး နည္းျပသစ္အျဖစ္ ကြန္ဆီကာအို ကို ခန႔္အပ္ခဲ့ပါတယ္။

နည္းျပ ကြန္ဆီကာအို လက္ေအာက္တြင္ အသင္းရလဒ္မ်ား တိုးတက္လာျခင္းမရွိခဲ့ဘဲ ႐ုန္းကန္ေနရၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္လည္း ရႈံးထြက္အဆင့္တြင္ ဖီယင္ႏုအသင္းကို ရႈံးနိမ့္ကာ ၿပိဳင္ပြဲမွထြက္ခြာခဲ့ရသကဲ့သို႔ ေနာက္ဆုံး ကစားခဲ့သည့္ ငါးပြဲတြင္လည္း တစ္ပြဲသာ ႏိုင္ပြဲရယူႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ ေအစီမီလန္အသင္းအေနနဲ႔ စီးရီးေအတြင္ အေတြ႕အႀကဳံရွိတဲ့ နည္းျပတစ္ဦးကို ေျပာင္းလဲခန႔္အပ္ရန္ ျပင္ဆင္လာခဲ့ျခင္းျဖစ္ပါတယ္။


ဂျူဗင်တပ်အသင်းနည်းပြဟောင်း အယ်လီဂရီ ကို နည်းပြသစ်ခန့်အပ်ရန် အေစီမီလန်အသင်းပြင်ဆင်
===================
အေစီမီလန်အသင်းက ယခုနှစ် ဘောလုံးရာသီအကုန်တွင် ဥရောပဝင်ခွင့်နှင့် လွဲချော်ဖွယ်ရှိနေတဲ့အတွက် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် ရေပန်းစားမှုတွင် ဂျူဗင်တပ်အသင်းနည်းပြ ဟောင်း အယ်လီဂရီ လည်း ပါဝင်လျက်ရှိကြောင်း သိရပါတယ်။

အေစီမီလန်အသင်းက ယခုနှစ်ဘောလုံးရာသီအစတွင် နည်းပြသစ်အဖြစ် ဖွန်ဆီကာ ကို ခန့်အပ်ခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်များဆိုးရွားခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ နည်းပြ ဖွန်ဆီကာ နဲ့လမ်းခွဲခဲ့ပြီး နည်းပြသစ်အဖြစ် ကွန်ဆီကာအို ကို ခန့်အပ်ခဲ့ပါတယ်။

နည်းပြ ကွန်ဆီကာအို လက်အောက်တွင် အသင်းရလဒ်များ တိုးတက်လာခြင်းမရှိခဲ့ဘဲ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက်အဆင့်တွင် ဖီယင်နုအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသကဲ့သို့ နောက်ဆုံး ကစားခဲ့သည့် ငါးပွဲတွင်လည်း တစ်ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကြောင့် အေစီမီလန်အသင်းအနေနဲ့ စီးရီးအေတွင် အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးကို ပြောင်းလဲခန့်အပ်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။