ကမာၻ႔အပူဆုံးၿမိဳ႕ ၁၅ ၿမိဳ႕တြင္ ေခ်ာက္ၿမိဳ႕ႏွင့္ မေကြးၿမိဳ႕မ်ား ပါဝင္ၿပီး ေခ်ာက္ၿမိဳ႕မွာ အဆင့္ ၂ တြင္ ေရာက္ရွိေန
ကမာၻ႔မိုးေလဝသအေျခအေနေတြကို ေဖာ္ျပေပးေနတဲ့ Eldorado Weather ဝက္ဘ္ဆိုက္ရဲ႕ မတ္လ ၁၇ ရက္ ထုတ္ျပန္ခ်က္အရ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးၿမိဳ႕ ၁၅ ၿမိဳ႕ စာရင္းထဲမွာ မေကြးတိုင္းေဒသႀကီးအတြင္းက ေခ်ာက္ၿမိဳ႕နဲ႔ မေကြးၿမိဳ႕တို႔ ေရာက္ရွိေနပါတယ္။
ေခ်ာက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းက အပူခ်ိန္ ၄၄ ဒသမ ၃ ဒီဂရီဆဲလ္စီးယပ္စ္အထိရွိခဲ့ၿပီး ကမာၻ႔အပူခ်ိန္ အျမင့္ဆုံးၿမိဳ႕စာရင္းမွာ အဆင့္-၂ ေနရာမွာ ရွိေနတာျဖစ္ပါတယ္။ မေကြးၿမိဳ႕မွာေတာ့ ၿပီးခဲ့တဲ့၂၄ နာရီအတြင္း အပူခ်ိန္ ၄၃ ဒသမ ၂ ဒီဂရီဆဲလ္စီးယပ္စ္ရွိခဲ့ၿပီး ကမာၻ႔အပူခ်ိန္ အျမင့္ဆုံးၿမိဳ႕စာရင္းမွာ အဆင့္-၁၃ ေနရာမွာ ရွိေနပါတယ္။
မတ္လ ၁၇ ရက္မွာ ထုတ္ျပန္တဲ့ ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ၁၅ ၿမိဳ႕ထဲမွာ ျမန္မာႏိုင္ငံက ေခ်ာက္နဲ႔မေကြး ၿမိဳ႕ႏွစ္ၿမိဳ႕ ပါဝင္ၿပီး က်န္တဲ့ ၁၃ ၿမိဳ႕ကေတာ့ ႏိုင္ဂ်ာ၊ မာလီ၊ ဘာကီနာဖာဆို၊ တိုဂို၊ ကင္မ႐ြန္း၊ ဆီနီေဂါ၊ မာလီ စတဲ့ အာဖရိက ႏိုင္ငံေတြက ၿမိဳ႕ေတြျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ အရင္ႏွစ္ကထက္ အခုႏွစ္မွာ အပူခ်ိန္ပိုမို ျမင့္တက္ႏိုင္တယ္လို႔ ကမာၻ႔မိုးေလဝသဌာနႀကီးေတြက ခန႔္မွန္းထားၿပီး အပူဒဏ္ကာကြယ္ေရးသတိေပးႏႈိးေဆာ္ခ်က္ေတြကို လိုက္နာၾကဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာန က အသိေပးထုတ္ျပန္ထားပါတယ္။
ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့နှင့် မကွေးမြို့များ ပါဝင်ပြီး ချောက်မြို့မှာ အဆင့် ၂ တွင် ရောက်ရှိနေ
=======================
ကမ္ဘာ့မိုးလေဝသအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ မတ်လ ၁၇ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့ ၁၅ မြို့ စာရင်းထဲမှာ မကွေးတိုင်းဒေသကြီးအတွင်းက ချောက်မြို့နဲ့ မကွေးမြို့တို့ ရောက်ရှိနေပါတယ်။
ချောက်မြို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက အပူချိန် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့စာရင်းမှာ အဆင့်-၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ မကွေးမြို့မှာတော့ ပြီးခဲ့တဲ့၂၄ နာရီအတွင်း အပူချိန် ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့စာရင်းမှာ အဆင့်-၁၃ နေရာမှာ ရှိနေပါတယ်။
မတ်လ ၁၇ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက ချောက်နဲ့မကွေး မြို့နှစ်မြို့ ပါဝင်ပြီး ကျန်တဲ့ ၁၃ မြို့ကတော့ နိုင်ဂျာ၊ မာလီ၊ ဘာကီနာဖာဆို၊ တိုဂို၊ ကင်မရွန်း၊ ဆီနီဂေါ၊ မာလီ စတဲ့ အာဖရိက နိုင်ငံတွေက မြို့တွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်နှစ်ကထက် အခုနှစ်မှာ အပူချိန်ပိုမို မြင့်တက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသဌာနကြီးတွေက ခန့်မှန်းထားပြီး အပူဒဏ်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်တွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားပါတယ်။