Xiaomi က စြမ္းရည္ျမင့္ ကင္မရာ တပ္ဆင္နိုင္တဲ့ အထူးထုတ္ Xiaomi 15 ကို ေၾကညာ
Mobile World Congress (MWC) မွာ တစ္ကမၻာလုံးမွ ကုမၸဏီက ထူးျခားဆန္းသစ္တဲ့ နည္းပညာျမင့္ ကုန္ပစၥည္းေတြကို ျပသလိုက္ပါတယ္။
Xiaomi ကလည္း စြမ္းရည္ျမင့္ ကင္မရာ တပ္ဆင္နိုင္တဲ့ အထူးထုတ္ Xiaomi 15 ကို ေၾကညာလိုက္ပါတယ္။ Modular ကင္မရာ ဒီဇိုင္းလို႔ ေျပာနိုင္ၿပီး 35mm Lens ကို ဖုန္း အေနာက္ဘက္မွာ လြယ္ကူစြာ ျဖဳတ္တပ္နိုင္ပါတယ္။ DSLR စတိုင္ ဖုန္းမွာ ရိုက္ကူးနိုင္မွာ ျဖစ္ပါတယ္။
အဲဒီ ကင္မရာဟာ အရည္အေသြးျမင့္ ဓါတ္ပုံေတြကို ရိုက္ကူးနိုင္ၿပီး ဖုန္းမွာ ခ်ိတ္ဆက္ဖို႔ သံလိုက္ကို အသုံးျပဳထားပါတယ္။ ေဒတာ ေပးပို႔တဲ့အခါ လၽွင္ျမန္ၿပီး အရည္အေသြးျမင့္ ဓါတ္ပုံေတြ ရိုက္ကူးတဲ့အခါ Lag နည္းပါးတဲ့ Xiaomi ရဲ့ LaserLink နည္းပညာ ပါလာပါတယ္။
ကင္မရာကို ဖုန္းမွာ တပ္ဆင္ၿပီးတာနဲ႔ Xiaomi Camera App ထဲမွာ Standard နဲ႔ Modular ကင္မရာ Mode ကို ေျပာင္းလဲနိုင္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ ဓါတ္ပုံသမားေတြ ႏွစ္သက္တဲ့ RAW Image ကို ဖမ္းယူေပးနိုင္ပါတယ္။ ျမင့္မားတဲ့ ဓါတ္ပုံ အရည္အေသြးနဲ႔ ေကာင္းမြန္တဲ့ Dynamic Range ကို ပံ့ပိုးေပးပါတယ္။ ႀကီးမားတဲ့ Aperture ပါတဲ့ 35mm All-aspherical Glass Lens တပ္ဆင္ထားၿပီး Low-light Performance ေကာင္းမြန္ကာ Depth of Field Control တိက်ပါတယ္။ သာမာန္ စမတ္ဖုန္း ဆန္ဆာေတြထက္ ေတာ္ေတာ္မ်ားမ်ား ပိုႀကီးတဲ့ 100MP Micro Four Thirds (M4/3) Sensor ကို သုံးထားပါတယ္။
Ref : Gizmochina #DigitalTimes
Xiaomi က စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာ
=================================================
Mobile World Congress (MWC) မှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီက ထူးခြားဆန်းသစ်တဲ့ နည်းပညာမြင့် ကုန်ပစ္စည်းတွေကို ပြသလိုက်ပါတယ်။
Xiaomi ကလည်း စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာလိုက်ပါတယ်။ Modular ကင်မရာ ဒီဇိုင်းလို့ ပြောနိုင်ပြီး 35mm Lens ကို ဖုန်း အနောက်ဘက်မှာ လွယ်ကူစွာ ဖြုတ်တပ်နိုင်ပါတယ်။ DSLR စတိုင် ဖုန်းမှာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ ကင်မရာဟာ အရည်အသွေးမြင့် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ဖုန်းမှာ ချိတ်ဆက်ဖို့ သံလိုက်ကို အသုံးပြုထားပါတယ်။ ဒေတာ ပေးပို့တဲ့အခါ လျှင်မြန်ပြီး အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးတဲ့အခါ Lag နည်းပါးတဲ့ Xiaomi ရဲ့ LaserLink နည်းပညာ ပါလာပါတယ်။
ကင်မရာကို ဖုန်းမှာ တပ်ဆင်ပြီးတာနဲ့ Xiaomi Camera App ထဲမှာ Standard နဲ့ Modular ကင်မရာ Mode ကို ပြောင်းလဲနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတွေ နှစ်သက်တဲ့ RAW Image ကို ဖမ်းယူပေးနိုင်ပါတယ်။ မြင့်မားတဲ့ ဓါတ်ပုံ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ Dynamic Range ကို ပံ့ပိုးပေးပါတယ်။ ကြီးမားတဲ့ Aperture ပါတဲ့ 35mm All-aspherical Glass Lens တပ်ဆင်ထားပြီး Low-light Performance ကောင်းမွန်ကာ Depth of Field Control တိကျပါတယ်။ သာမာန် စမတ်ဖုန်း ဆန်ဆာတွေထက် တော်တော်များများ ပိုကြီးတဲ့ 100MP Micro Four Thirds (M4/3) Sensor ကို သုံးထားပါတယ်။
Ref : Gizmochina #DigitalTimes