MBC ၏ မြန်မာဘောက်ဆင်ပြိုင်ပွဲ တွဲဆိုင်း(၇) ဆိုင်း ပါဝင် ထိုးသတ်မည်
=================
မြန်မာဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)က ကျင်းပပြုလုပ်သည့် PBM4 ပြိုင်ပွဲတွင် တွဲဆိုင်း (၇)ဆိုင်း ပါဝင်ထိုး-သတ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ယခုမတ်လ (၁၅) ရက်၊ မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ရိုးရာလက်ဝှေ့ သိမ်ဖြူအားကစားခန်း မတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲအတွင်း Main Event တွဲဆိုင်းအဖြစ် ဗန်လုထောင် နှင့် ဖြိုးသူအောင်တို့တွဲဆိုင်းပါဝင်မည်ဖြစ်ကာ Co-Main Event ပွဲစဉ်တွင် ဆဲလ်မွဲလ်ကျုံး နှင့် ရေမွန်းဒိုတို့အပြင် အခြားတွဲဆိုင်း(၅)ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုး-သတ်သွားမည်ဖြစ် ကြောင်း သိရသည်။
လက်မှတ်ဈေးနှုန်းများမှာ ကျပ် (၅၀၀၀) မှ ကျပ်(၁၅၀၀၀) အထိ ရောင်းချပေးမည်ဖြစ်ပြီး ၊ Skynet Sports တွင်တိုက်ရိုက်ကြည့်ရှူနိုင်သလို Skynet Myanmar Application တွင်လည်း Free ကြည့်ရှူနိုင်ကြောင်း သိရသည်။
မြန်မာဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)သည် ပြည် တွင်းပွဲစဉ်များကို မကြာခဏ ကျင်း ပပေးလျက်ရှိပြီး ယင်ပွဲစဉ်များမှ ထွက်ပေါ်လာသည့် လက် ရွေးစင်ကစား သမားများကို ရွေးချယ်၍ နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ပေးလျက်ရှိသည်။ #Popular