႐ုံဝင္ေၾကး ၅၀၀၀ ေက်ာ္သတ္မွတ္ထားတဲ့ အကယ္ဒမီရ ဇာတ္ကား ၆ ကားကို ျမဝတီမီဒီယာစင္တာမွာျပသေန
၂၀၂၄ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆုရရရွိထားတဲ့ ဇာတ္ကား ၆ ကားကို ႐ုံဝင္ေၾကးေပးကာ ဝင္ေရာက္ၾကည့္ရႈ႔နိုင္မယ့္ ျမန္မာ့႐ုပ္ရွင္ရက္သတၱပတ္ဖြင့္ပြဲအခမ္းအနားကို မတ္လ ၉ ရက္(ယေန႔)နံနက္ပိုင္းတြင္ ရန္ကင္းၿမိဳ႕နယ္၊ မိုးေကာင္း လမ္းရွိ၊ ျမဝတီမီဒီယာစင္တာတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။
အခုလို ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆုရရရွိထားတဲ့ဇတ္ကားေတြကို ျပန္လည္ျပသတာဟာ ပထမဦးဆုံးအႀကိမ္အျဖစ္တယ္လို႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။
ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆုရဇာတ္ကား ၆ ကားကို ျမဝတီမီဒီယာစင္တာမွာရွိတဲ့ STAR Cinema မွာ မတ္လ ၉ ရက္မွ ၂၉ ရက္အထိ ျပန္လည္ျပသသြားမွာျဖစ္ၿပီး မတ္လ ၉ ရက္မွ ၁၁ ရက္အထိ ‘ဘိုးေတာ္ကင္း’၊ မတ္လ ၁၃ ရက္မွ ၁၅ ရက္အထိ ‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လၽွင္’၊ မတ္လ ၁၆ ရက္မွ ၁၈ ရက္အထိ ‘မီး’၊ မတ္လ ၂၀ ရက္မွ ၂၂ ရက္အထိ ‘ေႏွာင္’၊ မတ္လ ၂၃ ရက္မွ ၂၅ ရက္အထိ ‘အိပ္မက္ကာရန္’ႏွင့္ မတ္လ ၂၇ ရက္မွ ၂၉ ရက္အထိ ‘တိမ္ပန္းခ်ီ’ ဇာတ္ကားတို႔ကို ေန႔စဥ္ မြန္းလြဲ ၁ နာရီႏွင့္ ညေန ၄ နာရီတို႔မွာ ပြဲခ်ိန္ ၂ ခ်ိန္စီ ျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
႐ုံဝင္ေၾကးအျဖစ္ ေငြက်ပ္ ၁၀,၀၀၀ နဲ႔ ၅၀၀၀ ဆိုၿပီးသတ္မွတ္ထားတယ္လို႔လည္း သိရပါတယ္။
ရုံဝင်ကြေး ၅၀၀၀ ကျော်သတ်မှတ်ထားတဲ့ အကယ်ဒမီရ ဇာတ်ကား ၆ ကားကို မြဝတီမီဒီယာစင်တာမှာပြသနေ
===================
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရရှိထားတဲ့ ဇာတ်ကား ၆ ကားကို ရုံဝင်ကြေးပေးကာ ဝင်ရောက်ကြည့်ရှု့နိုင်မယ့် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်(ယနေ့)နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ မိုးကောင်း လမ်းရှိ၊ မြဝတီမီဒီယာစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အခုလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရရှိထားတဲ့ဇတ်ကားတွေကို ပြန်လည်ပြသတာဟာ ပထမဦးဆုံးအကြိမ်အဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဇာတ်ကား ၆ ကားကို မြဝတီမီဒီယာစင်တာမှာရှိတဲ့ STAR Cinema မှာ မတ်လ ၉ ရက်မှ ၂၉ ရက်အထိ ပြန်လည်ပြသသွားမှာဖြစ်ပြီး မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ‘ဘိုးတော်ကင်း’၊ မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’၊ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ‘မီး’၊ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ‘နှောင်’၊ မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ‘အိပ်မက်ကာရန်’နှင့် မတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ‘တိမ်ပန်းချီ’ ဇာတ်ကားတို့ကို နေ့စဉ် မွန်းလွဲ ၁ နာရီနှင့် ညနေ ၄ နာရီတို့မှာ ပွဲချိန် ၂ ချိန်စီ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရုံဝင်ကြေးအဖြစ် ငွေကျပ် ၁၀,၀၀၀ နဲ့ ၅၀၀၀ ဆိုပြီးသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။