ျမန္မာနိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပနိုင္ငံသား ၂၁၄ ဦး လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ၁၄၀ ဦးကို ထပ္မံစစ္ေဆး ေဖာ္ထုတ္

ျမန္မာ – တ႐ုတ္ – ထိုင္း သုံးနိုင္ငံအၾကား သုံးပြင့္ဆိုင္ ပူးေပါင္းေဆာင္ရြက္မႈပုံစံ (Trilateral Cooperation)ျဖင့္ အြန္လိုင္းအသုံးျပဳ လိမ္လည္မႈ (Online Scam)ႏွင့္ အြန္လိုင္းေလာင္းကစားမႈ (Online Gambling)လုပ္ေဆာင္ေနၾကသူမ်ား၊ ပါဝင္ပတ္ သက္သူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္ေသာ ျပည္ပနိုင္ငံသားမ်ားကို ျပတ္ျပတ္သားသား စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးထိန္းသိမ္းလ်က္ရွိရာ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕-ေရႊကုကၠိဳလ္၊ မယ္ေထာ္သေလး ႏွင့္ KK Park နယ္ေျမမ်ားတြင္ အြန္လိုင္း ေလာင္း ကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား က်ဴးလြန္ခဲ့ၾကသည့္ ျပည္ပနိုင္ငံသား ၂၁၄ ဦးကို ယေန႔တြင္ သက္ဆိုင္ရာနိုင္ငံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ျပည္ပနိုင္ငံသား ၁၄၀ကို ထပ္မံစစ္ေဆး ေဖာ္ထုတ္ထိန္းသိမ္းနိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိန္းသိမ္းထားသည့္ ျပည္ပနိုင္ငံသားမ်ားကို သက္ဆိုင္ရာနိုင္ငံသို႔ ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ရာ၌ ယေန႔တြင္ တ႐ုတ္နိုင္ငံသား ၂၁၄ ဦးကို ျမန္မာ-ထိုင္း အမွတ္ (၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာနိုင္ငံသို႔ ဥပေဒလုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ထပ္မံ၍ ျပည္ႏွင္လႊဲေျပာင္းေပးရာ အဆိုပါလႊဲေျပာင္းေပးအပ္ပြဲသို႔ ကရင္ ျပည္နယ္အစိုးရအဖြဲ႕လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသူေက်ာ္၊ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ျပည္သူ႔လုံျခဳံေရးဝန္ႀကီးဌာန ျပစ္မႈဆိုင္ရာစုံစမ္းစစ္ေဆး ေရးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ Mr. Liu Ning Ning ႏွင့္ ထိုင္းနိုင္ငံ တာ့ခ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ျမန္မာ နိုင္ငံမွ တာဝန္ရွိသူမ်ားက သက္ဆိုင္ရာနိုင္ငံမွ ကိုယ္စားလွယ္မ်ားထံသို႔ ျပည္ႏွင္လႊဲေျပာင္း လက္ခံေရးဆိုင္ရာ အေထာက္အထားစာရြက္စာတမ္းမ်ားကို စနစ္တက် လႊဲေျပာင္း ေပးအပ္ေၾကာင္း သိရသည္။

အလားတူ ျမဝတီၿမိဳ႕-မယ္ေထာ္သေလးနယ္ေျမသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနၾကသည့္ ျပည္ပနိုင္ငံသား ၁၄၀ ဦးကို ယေန႔တြင္ ထပ္မံ စစ္ေဆး ေဖာ္ထုတ္ထိန္းသိမ္းနိုင္ခဲ့ၿပီး သက္ဆိုင္ရာနိုင္ငံမ်ားသို႔ အျမန္ဆုံး ျပန္လည္လႊဲေျပာင္းေပးအပ္နိုင္ေရးလိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္း ေကာက္ယူျခင္းလုပ္ငန္းမ်ားကို ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္မွ မတ္လ ၉ ရက္အထိ ျမန္မာနိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပနိုင္ငံသား စုစုေပါင္း ၄၈၄၂ ဦးကို စစ္ေဆးေဖာ္ ထုတ္ထိန္းသိမ္းနိုင္ခဲ့ကာ ၎တို႔အနက္မွ ၂၁၈၉ ဦးကို ထိုင္းနိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာ နိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပနိုင္ငံသား ၂၆၅၃ ဦးကိုသက္ဆိုင္ရာနိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎တို႔ကိုေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ ထားရွိေၾကာင္း သိရသည္။

နိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္ေသာ နိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္ အေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ နိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ နိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာနိုင္ငံမ်ားသို႔ အျမန္ဆုံး ျပည္ႏွင္လႊဲေျပာင္းေပးနိုင္ေရး တက္ႂကြစြာ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၄၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်
=================
မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၀ကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ရာ၌ ယနေ့တွင် တရုတ်နိုင်ငံသား ၂၁၄ ဦးကို မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးရာ အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ ကရင် ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေး ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ်များထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

အလားတူ မြဝတီမြို့-မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၄၀ ဦးကို ယနေ့တွင် ထပ်မံ စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၄၈၄၂ ဦးကို စစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၂၁၈၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၅၃ ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။