ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္ United Russia Party “For the Freedom of Nation” လႈပ္ရွားမႈ အျမဲတမ္းေကာ္မတီ၏ Expert Council ဒုတိယအႀကိမ္ အစည္းအေဝးအား Video Link ျဖင့္တက္ေရာက္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္သည္ United Russia Party မွ “For the Freedom of Nation” လႈပ္ရွားမႈ အျမဲတမ္းေကာ္မတီ၏ Expert Council ဒုတိယအႀကိမ္ အစည္းအေဝးအား ၂၀၂၅ ခုႏွစ္၊ မတ္လ ၆ ရက္ ၁၈၃၀ နာရီခ်ိန္တြင္ Video Link ျဖင့္တက္ေရာက္ခဲ့ပါသည္။
အဆိုပါအစည္းအေဝးသို႔ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ ႐ုရွားနိုင္ငံလုံးဆိုင္ရာ နိုင္ငံေရးပါတီ United Russia ပါတီဥကၠဌ၊ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ လုံျခဳံေရးေကာင္စီ ဒုတိယဥကၠဌ Mr.D.Medvedev ပါဝင္တက္ေရာက္သည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ၁၇ ရာစုမွစၿပီး နိုင္ငံအခ်ိဳ႕သည္ ကုန္သြယ္ေရး၊ မစ္ရွင္၊ စစ္ေရး အဆင့္(၃)ဆင့္ျဖင့္ ကိုလိုနီ နယ္ခ်ဲ႕ရန္ ႀကိဳးပမ္းခဲ့ၾကေၾကာင္း၊ ၂၀ ရာစုတြင္ ကမၻာမွ ကိုလိုနီျပဳျခင္းကို လက္မခံ ေတာ့သည့္အတြက္ ေခတ္သစ္ကိုလိုနီ ဝါဒကို က်င့္သုံးရန္ႀကိဳးပမ္းလာၾကေၾကာင္း၊ နိုင္ငံ မ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရန္ ပိတ္ဆို႔အေရးယူသည့္ ပုံစံျဖင့္ ေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ Neocolonialism ဟူေသာ ေဝါဟာရကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳျခင္း သည္နိုင္ငံမ်ား၏ လူမႈစီးပြား၊ ယဥ္ေက်းမႈႏွင့္ နိုင္ငံဖြံ့ၿဖိဳးတိုးတက္မႈမ်ား ဆက္စပ္ေနေၾကာင္း၊ ရွိၿပီးျဖစ္သည့္ Non Aligned Movement တိုးခ်ဲ႕ဖြဲ႕စည္းေဆာင္ရြက္သြားရန္ အႀကံျပဳေၾကာင္း၊ ထို႔ျပင္ BRICS အဖြဲ႕ေဆာင္ရြက္ခ်က္မ်ား၊ ေခတ္သစ္ကိုလိုနီစနစ္ ဆန႔္က်င္တိုက္ဖ်က္နိုင္ေရး အေျခအေနမ်ားအား ေဆြးေႏြးခဲ့ပါသည္။
ေဆြးေႏြးပြဲသို႔ နိုင္ငံေပါင္း (၁၅)နိုင္ငံမွ Expert Council အဖြဲ႕ဝင္မ်ား၊ နိုင္ငံအလိုက္ ကိုယ္စားလွယ္မ်ား စုစုေပါင္း (၂၄)ဦး တက္ေရာက္ေဆြးေႏြးခဲ့ၾကၿပီး (၂၁၃၀)နာရီခ်ိန္တြင္ ေဆြးေႏြးပြဲအား ရပ္နားခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် United Russia Party “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ဒုတိယအကြိမ် အစည်းအဝေးအား Video Link ဖြင့်တက်ရောက်
====================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်သည် United Russia Party မှ “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက် ၁၈၃၀ နာရီချိန်တွင် Video Link ဖြင့်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ ရုရှားနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးပါတီ United Russia ပါတီဥက္ကဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ Mr.D.Medvedev ပါဝင်တက်ရောက်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၁၇ ရာစုမှစပြီး နိုင်ငံအချို့သည် ကုန်သွယ်ရေး၊ မစ်ရှင်၊ စစ်ရေး အဆင့်(၃)ဆင့်ဖြင့် ကိုလိုနီ နယ်ချဲ့ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ ၂၀ ရာစုတွင် ကမ္ဘာမှ ကိုလိုနီပြုခြင်းကို လက်မခံ တော့သည့်အတွက် ခေတ်သစ်ကိုလိုနီ ဝါဒကို ကျင့်သုံးရန်ကြိုးပမ်းလာကြကြောင်း၊ နိုင်ငံ များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ပိတ်ဆို့အရေးယူသည့် ပုံစံဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ Neocolonialism ဟူသော ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း သည်နိုင်ငံများ၏ လူမှုစီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဆက်စပ်နေကြောင်း၊ ရှိပြီးဖြစ်သည့် Non Aligned Movement တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားရန် အကြံပြုကြောင်း၊ ထို့ပြင် BRICS အဖွဲ့ဆောင်ရွက်ချက်များ၊ ခေတ်သစ်ကိုလိုနီစနစ် ဆန့်ကျင်တိုက်ဖျက်နိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း (၁၅)နိုင်ငံမှ Expert Council အဖွဲ့ဝင်များ၊ နိုင်ငံအလိုက် ကိုယ်စားလှယ်များ စုစုပေါင်း (၂၄)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး (၂၁၃၀)နာရီချိန်တွင် ဆွေးနွေးပွဲအား ရပ်နားခဲ့ပါသည်။