ယူကရိန္းႏွင့္ ေထာက္လွမ္းေရးသတင္းမၽွေဝဖလွယ္မႈ အေမရိကန္ရပ္ဆိုင္း

ယူကရိန္းစစ္ပြဲအတြက္ ေထာက္လွမ္းေရး သတင္းအခ်က္အလက္မၽွေဝမႈအား ရပ္ဆိုင္းလိုက္ေၾကာင္းသိရသည္။

အေမရိကန္ အမ်ိဳးသားလုံျခဳံေရးအႀကံေပး Mike Waltz က ထရမ့္အစိုးရအေနျဖင့္ ယူကရိန္းႏွင့္ ပတ္သက္ၿပီး ရႈေထာင့္အားလုံးကို ခတၱရပ္ဆိုင္းကာ ျပန္လည္သုံးသပ္ေနေၾကာင္း ဆိုသည္။

အေမရိကန္ေထာက္လွမ္းေရးသည္ ၂၀၂၂ ခုႏွစ္ ႐ုရွား၏ ယူကရိန္းနိုင္ငံတြင္း စစ္ဆင္ေရးစတင္ခ်ိန္မွစၿပီး စစ္ေရးဆိုင္ရာ အခ်က္အလက္မ်ား ယူကရိန္းစစ္တပ္အား တိုက္ရိုက္မၽွေဝခဲ့သည္။

ထို႔အျပင္အေမရိကန္အေနျဖင့္ ယူကရိန္းနိုင္ငံသို႔ ေပးပို႔ေနသည့္ စစ္ေရးဆိုင္ရာ အကူအညီမ်ားကိုလည္း ရပ္ဆိုင္းထားသည္။

အိမ္ျဖဴေတာ္ေတြ႕ဆုံပြဲတြင္ အေခ်အတင္ျဖစ္ခဲ့ၿပီးေနာက္ ယူကရိန္းသမၼတ ဇယ္လန္းစကီးက ထရမ့္၏ ဦးေဆာင္မႈျဖင့္ ႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ အဆင္သင့္ရွိေၾကာင္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။


ယူကရိန်းနှင့် ထောက်လှမ်းရေးသတင်းမျှဝေဖလှယ်မှု အမေရိကန်ရပ်ဆိုင်း
=======================

ယူကရိန်းစစ်ပွဲအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်မျှဝေမှုအား ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ထရမ့်အစိုးရအနေဖြင့် ယူကရိန်းနှင့် ပတ်သက်ပြီး ရှုထောင့်အားလုံးကို ခတ္တရပ်ဆိုင်းကာ ပြန်လည်သုံးသပ်နေကြောင်း ဆိုသည်။

အမေရိကန်ထောက်လှမ်းရေးသည် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းနိုင်ငံတွင်း စစ်ဆင်ရေးစတင်ချိန်မှစပြီး စစ်ရေးဆိုင်ရာ အချက်အလက်များ ယူကရိန်းစစ်တပ်အား တိုက်ရိုက်မျှဝေခဲ့သည်။

ထို့အပြင်အမေရိကန်အနေဖြင့် ယူကရိန်းနိုင်ငံသို့ ပေးပို့နေသည့် စစ်ရေးဆိုင်ရာ အကူအညီများကိုလည်း ရပ်ဆိုင်းထားသည်။

အိမ်ဖြူတော်တွေ့ဆုံပွဲတွင် အချေအတင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ထရမ့်၏ ဦးဆောင်မှုဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။