ဂ်ိဳကိုဗစ္ ရဲ့ နည္းျပအျဖစ္ ျပန္လည္တာဝန္ယူမယ့္ မာေရး

ၿဗိတိန္တင္းနစ္သမားေဟာင္း အန္ဒီမာေရးဟာ အင္ဒီယန္းဝဲလ္နဲ႔ မိုင္ယာမီအိုးပင္း ၿပိဳင္ပြဲေတြမွာ ဆားဘီးယား နိုင္ငံသား ဂ်ိဳကိုဗစ္ရဲ့ နည္းျပအျဖစ္ ျပန္လည္တာဝန္ယူသြားေတာ့မွာ ျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ ဂ်ိဳကိုဗစ္ဟာ ေအတီပီ မာစတာအမ်ိဳးအစား ၿပိဳင္ပြဲေတြျဖစ္ၾကတဲ့ ၿပိဳင္ပြဲ ၂ ခု စလုံးမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ၿပီး နည္းၿပ အန္ဒီမာေရး ရဲ့အဖြဲ႕ကလည္း အေမရိကန္နိုင္ငံမွာ ေလ့က်င့္မႈ ေတြ ျပဳလုပ္ေနတဲ့ ဂ်ိဳကိုဗစ္ နဲ႔ ပူးေပါင္းဖို႔အတြက္ တနလၤာေန႔က ထြက္ခြာသြားၿပီလို႔ သိရပါတယ္။

အင္ဒီယန္းဝဲလ္ ၿပိဳင္ပြဲရဲ့ ပြဲစဥ္ေတြ ကို အခုတစ္ပတ္ထဲမွာ စတင္က်င္းပမွာျဖစ္ၿပီး မိုင္ယာမီအိုးပင္း ၿပိဳင္ပြဲကေတာ့ မတ္လ ၁၉ ရက္မွာ စတင္မွာ ျဖစ္ပါတယ္။

ဂ်ိဳကိုဗစ္ အေနနဲ႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ကယွဥ္ၿပိဳင္ခဲ့တဲ့ ကာတာအိုးပင္းၿပိဳင္ပြဲကို ေနာက္ဆုံးယွဥ္ၿပိဳင္ထားၿပီး အဆိုပါၿပိဳင္ပြဲမွာေတာ့ အန္ဒီမာေရးက နည္းျပအျဖစ္ တာဝန္မယူခဲ့ဘူးလို႔ သိရပါတယ္။

ဂ်ိဳကိုဗစ္ ဟာ ဩစေၾတးလ် အိုးပင္းၿပိဳင္ပြဲမတိုင္မီ အန္ဒီမာေရးနဲ႔ စတင္လက္တြဲခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

ကမၻာ့အဆင့္ ၇ မွာရပ္တည္ေနတဲ့ ဂ်ိဳကိုဗစ္ဟာ ၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အင္ဒီယန္းဝဲလ္နဲ႔ မိုင္ယာမီအိုးပင္း ၿပိဳင္ပြဲ ၂ ခုစလုံးကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေမၽွာ္လင့္ေနတာလည္း ျဖစ္ပါတယ္။


ဂျိုကိုဗစ် ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူမယ့် မာရေး
===================

ဗြိတိန်တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ အေတီပီ မာစတာအမျိုးအစား ပြိုင်ပွဲတွေဖြစ်ကြတဲ့ ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး နည်းပြ အန်ဒီမာရေး ရဲ့အဖွဲ့ကလည်း အမေရိကန်နိုင်ငံမှာ လေ့ကျင့်မှု တွေ ပြုလုပ်နေတဲ့ ဂျိုကိုဗစ် နဲ့ ပူးပေါင်းဖို့အတွက် တနင်္လာနေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။

အင်ဒီယန်းဝဲလ် ပြိုင်ပွဲရဲ့ ပွဲစဉ်တွေ ကို အခုတစ်ပတ်ထဲမှာ စတင်ကျင်းပမှာဖြစ်ပြီး မိုင်ယာမီအိုးပင်း ပြိုင်ပွဲကတော့ မတ်လ ၁၉ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ် အနေနဲ့ ဖေဖော်ဝါရီလ ၁၈ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာတာအိုးပင်းပြိုင်ပွဲကို နောက်ဆုံးယှဉ်ပြိုင်ထားပြီး အဆိုပါပြိုင်ပွဲမှာတော့ အန်ဒီမာရေးက နည်းပြအဖြစ် တာဝန်မယူခဲ့ဘူးလို့ သိရပါတယ်။

ဂျိုကိုဗစ် ဟာ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမတိုင်မီ အန်ဒီမာရေးနဲ့ စတင်လက်တွဲခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၇ မှာရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲ ၂ ခုစလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။