လာမည့္ေဘာလုံးၿပိဳင္ပြဲမွစတင္ၿပီး ဂိုးသမားမ်ားအတြက္ လက္ထဲတြင္ ေဘာလုံးကို ရွစ္စကၠန႔္သာထားနိုင္မည့္စည္းမ်ဥ္းသစ္ အသုံးျပဳမည္

လာမည့္ေဘာလုံးၿပိဳင္ပြဲမွစတင္ၿပီး ဂိုးသမားမ်ားအတြက္ လက္ထဲတြင္ ေဘာလုံးကို ရွစ္စကၠန႔္သာထားနိုင္မည့္စည္းမ်ဥ္းသစ္ အသုံးျပဳမည္

‌လာမည့္ေဘာလုံးၿပိဳင္ပြဲမွစတင္ၿပီး ေဘာလုံး ေလာကတြင္ဂိုးသမားမ်ားအတြက္ စည္းမ်ဥ္းသစ္ တစ္ရပ္ျဖစ္သည့္ ေဘာလုံးကို လက္ထဲတြင္ ရွစ္စကၠန႔္ သာထားနိုင္မည့္စည္းမ်ည္းသစ္ကို စတင္အသုံးျပဳ မည္ျဖစ္ေၾကာင္း သိရသည္။

နိုင္ငံတကာေဘာလုံးအဖြဲ႕အစည္း ဘုတ္အဖြဲ႕ (International Football Association Board)က အဆိုပါစည္းမ်ဥ္းသစ္ကို အတည္ျပဳခဲ့ၿပီးေနာက္ လာမည့္ေဘာလုံးၿပိဳင္ပြဲမ်ားတြင္ စတင္က်င့္သုံးမည္ ျဖစ္သည္။

နိုင္ငံတကာေဘာလုံးအဖြဲ႕အစည္းဘုတ္အဖြဲ႕က ပြဲကစားခ်ိန္တြင္ ေဘာလုံးေလလြင့္ခ်ိန္မ်ား ေလၽွာ့ခ် နိုင္ရန္ ဂိုးသမားမ်ားအတြက္ စည္းမ်ဥ္းသစ္မ်ားကို ေရးဆြဲထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါစည္းမ်ဥ္းသစ္ တြင္ ဂိုးသမားမ်ားအေနျဖင့္ ေဘာလုံးကို လက္ခံရရွိ ခ်ိန္၌ လက္ထဲတြင္ အခ်ိန္ရွစ္စကၠန႔္သာ ကိုင္ထား နိုင္မည္ျဖစ္ၿပီး ရွစ္စကၠန႔္ထက္ပိုၿပီး ကိုင္ထားမည္ ဆိုပါက ကြင္းလယ္ဒိုင္လူႀကီးက ေထာင့္ကန္ေဘာျပစ္ဒဏ္သတ္မွတ္ေပးရမည္ျဖစ္သည္။

လက္ရွိအခ်ိန္ ေဘာလုံးၿပိဳင္ပြဲမ်ားတြင္ ဂိုးသမားမ်ား အေနျဖင့္ ေဘာလုံးကို လက္ထဲတြင္ အခ်ိန္ၾကာျမင့္စြာ ကိုင္ထားနိုင္ၿပီး ပြဲစဥ္တစ္ပြဲအတြင္း အနိုင္ရရွိသည့္ အသင္းမွ ဂိုးသမားမ်ားအေနျဖင့္ အခ်ိန္ဆြဲရာတြင္ ေဘာလုံးအား အခ်ိန္ၾကာျမင့္စြာကိုင္ထားသည့္ နည္း ဗ်ဴဟာကို အသုံးျပဳလ်က္ရွိေနသည့္အတြက္ နိုင္ငံ တကာေဘာလုံးအဖြဲ႕အစည္းဘုတ္အဖြဲ႕က ဂိုးသမား မ်ား အခ်ိန္ဆြဲမႈအား ထိန္းခ်ဳပ္နိုင္ရန္ စည္းမ်ဥ္းသစ္ တစ္ရပ္ကို စတင္အသုံးျပဳမည္ျဖစ္ေၾကာင္း သိရသည္။


လာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဂိုးသမားများအတွက် လက်ထဲတွင် ဘောလုံးကို ရှစ်စက္ကန့်သာထားနိုင်မည့်စည်းမျဉ်းသစ် အသုံးပြုမည်
==================
လာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဂိုးသမားများအတွက် လက်ထဲတွင် ဘောလုံးကို ရှစ်စက္ကန့်သာထားနိုင်မည့်စည်းမျဉ်းသစ် အသုံးပြုမည်

‌လာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဘောလုံး လောကတွင်ဂိုးသမားများအတွက် စည်းမျဉ်းသစ် တစ်ရပ်ဖြစ်သည့် ဘောလုံးကို လက်ထဲတွင် ရှစ်စက္ကန့် သာထားနိုင်မည့်စည်းမျည်းသစ်ကို စတင်အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာဘောလုံးအဖွဲ့အစည်း ဘုတ်အဖွဲ့ (International Football Association Board)က အဆိုပါစည်းမျဉ်းသစ်ကို အတည်ပြုခဲ့ပြီးနောက် လာမည့်ဘောလုံးပြိုင်ပွဲများတွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

နိုင်ငံတကာဘောလုံးအဖွဲ့အစည်းဘုတ်အဖွဲ့က ပွဲကစားချိန်တွင် ဘောလုံးလေလွင့်ချိန်များ လျှော့ချ နိုင်ရန် ဂိုးသမားများအတွက် စည်းမျဉ်းသစ်များကို ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစည်းမျဉ်းသစ် တွင် ဂိုးသမားများအနေဖြင့် ဘောလုံးကို လက်ခံရရှိ ချိန်၌ လက်ထဲတွင် အချိန်ရှစ်စက္ကန့်သာ ကိုင်ထား နိုင်မည်ဖြစ်ပြီး ရှစ်စက္ကန့်ထက်ပိုပြီး ကိုင်ထားမည် ဆိုပါက ကွင်းလယ်ဒိုင်လူကြီးက ထောင့်ကန်ဘောပြစ်ဒဏ်သတ်မှတ်ပေးရမည်ဖြစ်သည်။

လက်ရှိအချိန် ဘောလုံးပြိုင်ပွဲများတွင် ဂိုးသမားများ အနေဖြင့် ဘောလုံးကို လက်ထဲတွင် အချိန်ကြာမြင့်စွာ ကိုင်ထားနိုင်ပြီး ပွဲစဉ်တစ်ပွဲအတွင်း အနိုင်ရရှိသည့် အသင်းမှ ဂိုးသမားများအနေဖြင့် အချိန်ဆွဲရာတွင် ဘောလုံးအား အချိန်ကြာမြင့်စွာကိုင်ထားသည့် နည်း ဗျူဟာကို အသုံးပြုလျက်ရှိနေသည့်အတွက် နိုင်ငံ တကာဘောလုံးအဖွဲ့အစည်းဘုတ်အဖွဲ့က ဂိုးသမား များ အချိန်ဆွဲမှုအား ထိန်းချုပ်နိုင်ရန် စည်းမျဉ်းသစ် တစ်ရပ်ကို စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။