ကိုမိုအသင္းနည္းၿပ ဖာဘရီဂတ္စ္ ကို ေခၚယူခ်င္ေနတဲ့ မန္စီးတီး
ကိုမိုအသင္းနည္းၿပ ဖာဘရီဂတ္စ္ ကို ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတဲ့ ဥေရာပထိပ္သီးကလပ္ေတြထဲမွာ မန္စီးတီးအသင္းလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။
ဖာဘရီဂတ္စ္ ဟာ ကိုမိုအသင္းကို ၂၁ ႏွစ္ၾကာေဝးကြာေနတဲ့ စီးရီးေအၿပိဳင္ပြဲကို တန္းျပန္တက္နိုင္ေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တဲ့ နည္းျပတစ္ဦးလည္း ျဖစ္ပါတယ္။
ဥေရာပထိပ္တန္းကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာ၊ အင္တာမီလန္၊ မန္စီးတီး နဲ႔ ေအစီမီလန္အသင္းတို႔ဟာ ဖာဘရီဂတ္စ္နဲ႔ ကိုမိုအသင္း တို႔ရဲ့ အနာဂတ္ကို ေစာင့္ၾကည့္ ေနၾကတာ ျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ ဒီရာသီမွာ ရလဒ္ေတြဆိုးရြားေနတာေၾကာင့္ နည္းျပဂြါဒီယိုလာ ထြက္ခြာသြားနိုင္တဲ့ အေျခအေနရွိေနလို႔ ကစားသမားေဟာင္း ဖာဘရီဂတ္စ္ ရဲ့ နည္းျပအရည္အေသြးကို စိတ္ဝင္စားေနကာ အခုလို ေစာင့္ၾကည့္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္မွာ ကိုမိုအသင္းဟာ စီးရီးေအၿပိဳင္ပြဲရဲ့ အမွတ္ေပးဇယား အဆင့္(၁၃)ေနရာမွာ ရပ္တည္ေနပါတယ္။
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကို ခေါ်ယူချင်နေတဲ့ မန်စီးတီး
=====================
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကို စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့ ဥရောပထိပ်သီးကလပ်တွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဖာဘရီဂတ်စ် ဟာ ကိုမိုအသင်းကို ၂၁ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေပြိုင်ပွဲကို တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ မန်စီးတီး နဲ့ အေစီမီလန်အသင်းတို့ဟာ ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်း တို့ရဲ့ အနာဂတ်ကို စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြဂွါဒီယိုလာ ထွက်ခွာသွားနိုင်တဲ့ အခြေအနေရှိနေလို့ ကစားသမားဟောင်း ဖာဘရီဂတ်စ် ရဲ့ နည်းပြအရည်အသွေးကို စိတ်ဝင်စားနေကာ အခုလို စောင့်ကြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။