႐ုရွားမွာ အလုပ္သြားလုပ္မယ့္ ျမန္မာလုပ္သား ၂၄ ဦးကို Pilot Project နဲ႔ေစလႊတ္

ျမန္မာလုပ္သားေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ရရွိေစနိုင္ဖို႔နဲ႔ လုပ္ခလစာပိုမိုေကာင္းမြန္တဲ့ နိုင္ငံေတြကို လုပ္သားေစလႊတ္ျခင္းေၾကာင့္ လုပ္သားေဈးကြက္ တိုးခ်ဲ႕ရွာေဖြနိုင္ဖို႔အတြက္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံကို Pilot Project နဲ႔ ေစလႊတ္နိုင္ခဲ့တယ္လို႔ အလုပ္သမား ဝန္ႀကီးဌာနထံက သိရပါတယ္။

အလုပ္သမား ဝန္ႀကီးဌာနဟာ ျမန္မာ – ႐ုရွားႏွစ္နိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကို ေရရွည္တည္တံ့ခိုင္ျမဲ ေစဖို႔နဲ႔ ျမန္မာနိုင္ငံကလုပ္သားေတြ အလုပ္အကိုင္ အခြင့္အလမ္းအသစ္ေတြ ရွာေဖြနိုင္ေရးကို ေရွးရႈၿပီး ႐ုရွားဖက္ဒေရးရွင္းနိုင္ငံနဲ႔ အလုပ္သမားေရးရာကိစၥရပ္ေတြမွာ ပူးေပါင္းညႇိႏွိုင္းေဆာင္ရြက္ေနတယ္လို႔လည္း ဝန္ႀကီးဌာနက ေျပာပါတယ္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီျဖစ္တဲ့ Vista International Co.,Ltd ရဲ့ အစီအစဥ္နဲ႔ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ Joint-Stock Company ‘Inturd’ Co., Ltd ကို ကၽြမ္းက်င္ျမန္မာလုပ္သား ၅၄ ဦးပို႔ေဆာင္ဖို႔ရွိေနၿပီး ကနဦးအစီအစဥ္ေနနဲ႔ လုပ္သား ၂၄ ဦးကို Pilot Project ေစလႊတ္နိုင္ဖို႔အတြက္ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ အလုပ္ရွင္၊ အလုပ္သမားအလုပ္ခန႔္ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မတ္ ၃ ရက္မွာ ျပည္ပအလုပ္အကိုင္လမ္းညႊန္သင္တန္း သင္ၾကားပို႔ခ်ျခင္းနဲ႔ ျပည္ပအလုပ္အကိုင္ အလုပ္သမားသက္ေသခံကတ္ (OWIC) ျပဳလုပ္ေပးျခင္းေတြကို လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ေဆာင္ရြက္ေပးခဲ့ၿပီး ယေန႔တြင္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံသို႔ Pilot Project အျဖစ္ စနစ္တက်ေစလႊတ္နိုင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ျမန္မာနိုင္ငံအလုပ္သမားဝန္ႀကီးဌာနနဲ႔ ႐ုရွားဖက္ဒေရး ရွင္းနိုင္ငံအလုပ္သမားႏွင့္ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဝန္ႀကီးဌာနတို႔အၾကား အလုပ္သမားေရးရာ ပူးေပါင္းေဆာင္ရြက္ျခင္း ဆိုင္ရာ နားလည္မႈစာခၽြန္လႊာ (MoU) လက္မွတ္ေရးထိုးနိုင္ေရး ညႇိႏွိုင္းေဆာင္ရြက္ေနၿပီး MoU လက္မွတ္ေရးထိုးထားတာမရွိေပမယ့္ ႏွစ္နိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုေရွးရႈၿပီး Pilot Project နဲ႔ ေစလႊတ္တာျဖစ္တာေၾကာင့္ အနာဂတ္မွာ အလုပ္သမားေဈးကြက္ရရွိရန္ အလုပ္သမားေတြ အလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိရန္ အလုပ္သမားနဲ႔ မိသားစုဝင္ေတြရဲ့ လူမႈစီးပြားဘဝေကာင္းမြန္ တိုးတက္ေစရန္ စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိနိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

#အလုပ္သမားဝန္ႀကီးဌာန


ရုရှားမှာ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သား ၂၄ ဦးကို Pilot Project နဲ့စေလွှတ်
============================

မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့နဲ့ လုပ်ခလစာပိုမိုကောင်းမွန်တဲ့ နိုင်ငံတွေကို လုပ်သားစေလွှတ်ခြင်းကြောင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ဖို့အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို Pilot Project နဲ့ စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနထံက သိရပါတယ်။

အလုပ်သမား ဝန်ကြီးဌာနဟာ မြန်မာ – ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေဖို့နဲ့ မြန်မာနိုင်ငံကလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်ရေးကို ရှေးရှုပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd ကို ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးပို့ဆောင်ဖို့ရှိနေပြီး ကနဦးအစီအစဉ်နေနဲ့ လုပ်သား ၂၄ ဦးကို Pilot Project စေလွှတ်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး မတ် ၃ ရက်မှာ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျစေလွှတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေပြီး MoU လက်မှတ်ရေးထိုးထားတာမရှိပေမယ့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး Pilot Project နဲ့ စေလွှတ်တာဖြစ်တာကြောင့် အနာဂတ်မှာ အလုပ်သမားဈေးကွက်ရရှိရန် အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အလုပ်သမားနဲ့ မိသားစုဝင်တွေရဲ့ လူမှုစီးပွားဘဝကောင်းမွန် တိုးတက်စေရန် စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#အလုပ်သမားဝန်ကြီးဌာန