ပီအက္စ္ဗြီအိမ္ကြင္းမွာ (၇)ဂိုးသြင္းၿပီး စံခ်ိန္သစ္တင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ပီအက္စ္ဗြီအသင္းကို ၇ ဂိုး ၁ ဂိုးနဲ႔ အနိုင္ရခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ ရွုံးထြက္အဆင့္ အေဝးကြင္းပြဲစဥ္မွာ ၇ ဂိုးအထိ သြင္းယူနိုင္တဲ့ ပထမဆုံးအသင္းအျဖစ္ စံခ်ိန္သစ္တင္နိုင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၃ ႏွစ္က နယူးကာဆယ္ကို ၇ ဂိုးသြင္းခဲ့ၿပီးေနာက္ အာဆင္နယ္အတြက္ ပထမဆုံးအႀကိမ္ တပြဲတည္း ၇ ဂိုးအထိ သြင္းယူနိုင္ခဲ့တာပါ။

အိမ္ရွင္ ပီအက္စ္ဗြီ အသင္းအတြက္လည္း ၁၁၃ ႏွစ္ၾကာတဲ့ အသင္းသမိုင္းတေလၽွာက္ အိမ္ကြင္းမွာ တႀကိမ္တခါမွ ၇ ဂိုး အသြင္းခံရျခင္း မရွိခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ ပြဲစဥ္က အဆိုးရြားဆုံးပြဲစဥ္အျဖစ္ မွတ္တမ္းတင္ခံရပါတယ္။

ပီအက္စ္ဗြီနဲ႔နိုင္ပြဲက အသင္းအတြက္ ေပ်ာ္ရႊင္မွုေတြအျပင္ ယုံၾကည္မွုေတြလည္း ေပးစြမ္းနိုင္ခဲ့ၿပီး ေနာက္တဆင့္တက္ဖို႔အတြက္ အလြန္ႀကီးမားတဲ့ အေျခအေန ေရာက္ရွိေစခဲ့ေၾကာင္း နည္းၿပ အာေတတာက ေျပာပါတယ္။

အရင္စံခ်ိန္ေဟာင္းက ၁၉၇၀-၇၁ ရာသီကျဖစ္ၿပီး ၁၆ သင္းအဆင့္မွာပဲ ဆဲလ္တစ္က အိုင္ယာလန္ကလပ္ ဝါတာဖိုဒ္ကို ၇ ဂိုး ဂိုးမရွိနဲ႔ အနိုင္ရခဲ့ဖူးတာ ျဖစ္ပါတယ္။


ပီအက်စ်ဗွီအိမ်ကွင်းမှာ (၇)ဂိုးသွင်းပြီး စံချိန်သစ်တင်ခဲ့တဲ့ အာဆင်နယ်
===============
အာဆင်နယ်အသင်းဟာ ပီအက်စ်ဗွီအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အဝေးကွင်းပွဲစဉ်မှာ ၇ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်က နယူးကာဆယ်ကို ၇ ဂိုးသွင်းခဲ့ပြီးနောက် အာဆင်နယ်အတွက် ပထမဆုံးအကြိမ် တပွဲတည်း ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

အိမ်ရှင် ပီအက်စ်ဗွီ အသင်းအတွက်လည်း ၁၁၃ နှစ်ကြာတဲ့ အသင်းသမိုင်းတလျှောက် အိမ်ကွင်းမှာ တကြိမ်တခါမှ ၇ ဂိုး အသွင်းခံရခြင်း မရှိခဲ့တာကြောင့် အာဆင်နယ်နဲ့ ပွဲစဉ်က အဆိုးရွားဆုံးပွဲစဉ်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။

ပီအက်စ်ဗွီနဲ့နိုင်ပွဲက အသင်းအတွက် ပျော်ရွှင်မှုတွေအပြင် ယုံကြည်မှုတွေလည်း ပေးစွမ်းနိုင်ခဲ့ပြီး နောက်တဆင့်တက်ဖို့အတွက် အလွန်ကြီးမားတဲ့ အခြေအနေ ရောက်ရှိစေခဲ့ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

အရင်စံချိန်ဟောင်းက ၁၉၇၀-၇၁ ရာသီကဖြစ်ပြီး ၁၆ သင်းအဆင့်မှာပဲ ဆဲလ်တစ်က အိုင်ယာလန်ကလပ် ဝါတာဖိုဒ်ကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ဖူးတာ ဖြစ်ပါတယ်။